ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်၏ Profile Short



၁၉၅၂ ခု နိုဝင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း ဝ’ လူမျိုးစု နယ်မြေ မိုင်းဆိုင် (မိုင်းကိုင်) မြို့ ၌ မွေးဖွားသူ ဖြစ်ကာ ဝ’   စကားလည်း တတ်ကျွမ်းသည့် ဦးစိန်ကြည်သည်။ တန့်ယန်းမြို့ အထက်တန်းကျောင်းတွင် ဒဿမတန်း အောင်မြင်ခဲ့သည်။ ငယ်စဉ်ကတည်းက ဂီတနှင့် စာပေဘက်တွင် ၀ါသနာထုံသူတဦးဖြစ်ပြီး နာမည်ကြီး တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း သူငယ်ချင်းလည်းဖြစ်သည်။ တန့်ယန်းမြို့တွင်ကြီးပြင်းခဲ့ပြီး  လားရှိုးနှင့် မန္တလေးတို့တွင် သင်ယူခဲ့သည်။

အနုပညာဝါသနာပါသူ ဦးစိန်ကြည်သည် “ဆွမ့်ခုံဟင်း”ခေါ် ဆခဟ အမည်ဖြင့် တေးရေး တေးဆို သူဖြစ်ပြီး
တေးရေး-အဆိုကျော် စိုင်းဆိုင်မောဝ်၊ စိုင်းခမ်းလိတ်တို့နှင့် အလုပ်တွဲ လုပ်ခဲ့ဖူးသူလည်း ဖြစ်သည်။

သူ၏ “ငရဲနှစ်” များဟု မြန်မာအဓိပ္ပါယ်ရှိသော ရှမ်းသီချင်းကို ရှမ်းလူထုက နှစ်သက်ကြသည်ဟု ဆိုသည်။  ၁၉၇၃ ခုနှစ်တွင် “ပင်လုံစာချုပ်” ဟု အမည်ရသည့် တေးစီးရီးကို ရှမ်း အဆိုတော် စိုင်းဆိုင်မောဝ်နှင့် တွဲဖက် သီဆိုခဲ့သူဖြစ်သည်။

ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဦးစိန်ကြည်သည် ၄င်းတို့ ဌာန၏ လုပ်ငန်း (၄၀) ရာခိုင်နှုန်းကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေသူ တဦး ဖြစ်သည့်အတွက် “အစားထိုးမရတဲ့ ဆုံးရှုံးမှု ပါပဲ” ဟု ပြောသည်။

ခွန်ဆာ၏ မူလအဖွဲ့ ရှမ်းပြည်ညီညွတ်ရေးတပ် SUA နှင့် ၁၉၈၄-၈၅ ခုတွင် SSA၊ မိုးဟိန်းဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး MTA ဟု ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၆ ခုတွင်ခွန်ဆာနှင့် MTA လက်နက်ချသွားရာမှ ဦးခွန်ဆိုင်းနှင့် ဦးစိန်ကြည်တို့နှစ်ဦး ထိုင်းနိုင်ငံ ချင်းမိုင်တွင် သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် ရှမ်းသံတော်ဆင့် သတင်းဌာနကို ထူထောင်၍ ကွယ်လွန်ချိန်ထိ ၄င်းဌာန လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ရှမ်းအမျိုးသား ကာတွန်းပညာရှင် ဟန်လေးက ဦးစိန်ကြည်သည် စကားပြောပြတ်သားသူ တဦးဖြစ်သလို လူငယ်ထုအပေါ်တွင် တိုးတက်စေချင်သည့် စေတနာကောင်းရှိသူ တဦးဖြစ်သည်။


ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်သည် ကွယ်လွန်ချိန်တွင် အသက်(၅၉) နှစ်ရှိကာ ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်သည်။ဦးစိန်ကြည်သည် အတုယူစံထား  အပ်သော သျှမ်းမျိုးချစ် တဦးဖြစ်သလို သတင်းလောကသား များရဲ့ ဆုံးရှူံးမှုတပ်ရပ် ဖြစ်ခဲ့သလို သျှမ်းမျိုး ပြည်သူများ အတွက်လဲ ကြီးစွာသော နှစ်နာဆုံးရှူံးမှုကြီးပင်ဖြစ်သည်။


Sae Hark Maine
ShanStateDefenceArmy


Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts