စဉ်းစားစရာပါလား ( Appearance )




အခုလက်ရှိ အခြေနေအရ DKBA နှင့် စစ်အစိုးရတပ်များတင်းမာမှု ဖြစ်ပွားနေသည့်အချိန်မှာ ဖြူ စင်ရိုးသားသော တိုင်းရင်းသားများ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်စစ်မှန်သောပြည်တွင်းစစ်ရပ်စဲရေး ပြုလုပ်နေချိန်မှာ စစ်အစိုးရဘက်မှငြိမ်းချမ်းရေးကို မလိုလားသော အပြုအမှုနဲ့ လုပ်ပြလိုက်တဲ့သဘောရှိတယ်။ မြဝတီမှာ KNU/KNLAPC ဗိုလ်မှုးတိုက်ဂါးစခဲ့တဲ့ပြသနာမှာ နဲနဲလေးပါ။နောက် DKBA ဗိုလ်ကြီး ပစ်သတ်ခံရတာ။ ငယ်တဲ့ပြသနာကို ပျောက်အောင်လုပ်ရမဲ့အစား အဲဒါကို အစိုးရက ညှိညှိနီုင်းနိုင်းနဲ့တွေ့ဆုံဆွေးနွေး လုပ်နိုင်လျှက်သားနဲ့ ဘာဖြစ်လို့သူတို့တပ်ရင်း ၂၇၅ ကိုစပြီးခြေရှုပ်လာရသလဲ။ ဒါပထမစဉ်းစားစရာအချက်ပါ။နောက် DKBA ကလိုထူးဘောစစ်ဗျူဟာမှုး ဗိုလ်မှုးကြီးစောဆန်းအောင် ရန်ကုန်မှာလာအစည်းဝေးတက်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်တိုင် ကျိုက်မရောမှာ သူအဝင်ထွက်ရှိတဲ့အိမ်ကို ဘာဖြစ်လို့ အလစ်ငိုက်ဝင်ဖမ်းရသလဲ။ ဝင်ဖမ်းတာတောင် သာမန်စစ်ဆေးမှုမဟုတ်ဘဲ အစိုးရအဖွဲ့ပေါင်းစုံနဲ့ ခေတ်မီနည်းပညာ မိုင်းရှာဖွေရေးကိုရိယာများကိုပါ သုံးတာကိုတွေ့ရပါတယ်။ DKBA နဲ့တိုက်ပွဲစဖြစ်တဲ့ ၂၆ ရက်မနက်မှာ ၇န်ကုန်မှာကျင်းပနေတဲ့ UWPC နှင့် NCCT တို့ဆီကို တိုက်ရိုက်သတင်းရောက်လာပါတယ်။ NCCT အဖွဲ့ဝင် ဒီကေဘီအေ ဗိုလ်မှုးစောလုံ့လုံက ကစထမှုး ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဦးအောင်မင်းဆီ ချက်ခြင်းအကြောင်းကြားလျှက်သားနဲ့ ဘာဖြစ်လို့ အဆင်မပြေရတာလဲ။ နောက်သတင်းက အမျိုးမျိုးထွက်ပြီး DKBA ကစတိုက်သလိုလိုမျိုးလဲ တချို့ မီဒီယာတွေက ရေးသားနေကြတယ်။တချို့ မီဒီယာတွေကလဲ နဲနဲလေးကြားတာကို ပုံကြီးချဲ့ပြီး ရေးနေကြတာလဲ တွေ့နေရပါတယ်။ တို့ပြည်သူတွေဟာ လှုထုတိုက်ပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ မြင်ချင်ကြပြီးလား။ ဖြစ်ချိန်တန်ပြီးလား။ ၂၀၁၅ အတွက်ရော ရောက်နေပြီးလား။ UPWC နဲ့ NCCT တို့ကို တွေ့ဆုံမှုကို မယုံကြည်ကြတော့ဘူးလား။ UNFC ရော အဆင်သင့်ဖြစ်ပြီးလား။ နောက်ဆုံးပြောချင်တာက အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တွေကို အထင်သေးရင်လျှော့တွက်ရင် ကိုယ့်သေတွင်းကိုယ်တူးသလိုမျိုး ဖြစ်သွားမယ်။။။။


Sae Hark Maine
ShanStateDefenceArmy

>>> Thank you , Come read and visit again kha <<<

Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts