တိုးဖူနွေး (သို.) ရှမ်းတိုဖူးပျော.




ပါဝင်သော ပစ္စည်းများ
- ပဲမူန်. (ကုလားပဲ)
- သာကူမုန်. (တချို.လဲ မထည့်ကြပါဘူး)
- ရှမ်းခေါက်ဆွဲ
- ဆီကျက် (နှမ်း)
- ကြက်သား(သို.)၀က်သား ဟင်းအနှစ်(သို.) သက်သက်လွတ်
- မြေပဲထောင်း
- ကြက်သွန်ဖြူ၊နီ။

ချက်နည်း
- ပဲမူန်. ၃ပုံ၊ သာကူမုန်.၁ပုံ ဆတူ ရောပါ။ ဆား၊ အချိုမုန်. ထည့်ပါ။ (သာကူမသုံးပါက ပဲမူန်.ချည်းသာ)
- ရေကို ပဲမူန်. နဲ.ဆတူ ထည့်ပြီး မီးပူပေါ်ပျစ်လာသည်အထိမွှေပါ။
- (ပဲမူန်. မညက်ပါက ပဲမူန်.အနှစ်ကို ရေစစ် နဲ. စစ်ချပေးပြီးမှ မီးဖိုးမှာ ကျိုပါ။)
- ကျိုနေစဉ် တိုဖူး အနေအထားကို ကြည့်၍ ရေ ထပ်ရောထည့်ပေးနိုင်ပါတယ်။
- တိုဖူး ပျစ်လာလျှင်။ မိမိလိုချင်သော အနေအထားရလျှင် မီးပူပေါ်မှ ချလို.ရပါပြီ။

- အသားအနှစ်ချက်ရန် အသားကို အတုံးလေးတွေ လှီးပြီး
- ဆီပူလာလျှင် လှီးထားတဲ့ ကြက်သွန်နီ ကြော်ပါ၊ ကြက်သွန်နွမ်းလာလျှင် အသားထည့်ကြော်ပါ။
- ပဲငပိ၊ ဆား၊ အချို.မုန်. ထည့်ပြီး ဆီပြန်လာလျှင် ရပါပြီ။

- ဆီကျက် ချက်ရန် ဆီပူတည်ပြီး ဆူပူလာလျှင် ကြက်သွန်ဖြူ လှီးထားတာ ထည့်ကြော်ပါ။
- ကြက်သွန်ဖြူ ရွှေရောင်သန်းလာလျှင် မီးပိတ်၍ နှမ်း ဖြူး ထည့်လိုက်ပါ။ ငရုတ်ကောင်း မုန်.များ ထည့်နိုင်ပါတယ်။

ပြင်ဆင်နည်း
- ပြုတ်ပြီးသား ခေါက်ဆွဲ ကို စားမည့်ပန်းကန်ထဲထည့်။
- ခေါက်ဆွဲပေါ် တိုဖူး လောင်းချပါ။
- အသားအနှစ် ထည့်။
- ဆီကျက် ထည့်။
- ပဲငံပြာ အချို (သို.) အငံ ကြိုက်ရာထည့်။
- ဆား၊ အချိုမုန်. ထည့်။
- မြေပဲဆံ ဖြူး။
- နံနံ (သို.) ကြက်သွန်မိတ် ဖြူး ပြီး စားလို.ရပါပြီ။



Sae Hark Main
ShanStateDefenceArmy
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts