ရှမ်းရိုးရာ ငါးဖက်ထုပ်ပေါင်း ဘယ်လိုချက်ကြမလဲ



                 ရန်ကုန်မြို့ဟာ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်နဲ့မတူဘဲ ပြောင်းလဲနေတဲ့အထဲ ရှမ်းအစားအစာတွေ အများအပြား ရရှိနေတာလည်း တစ်ခုအပါအဝင်ပါ။ ရှမ်းစာတွေ ပေါများလာတဲ့ ရန်ကုန်မှာတော့ ရှမ်းစာစစ်စစ်တွေထဲ ကမာရွတ်ပရိသတ်အတွက် ရှမ်းစတိုင်လ် ငါးဖက်ထုပ်ပေါင်း ဘယ်လိုချက်လဲဆိုတာ တင်ပြပေးပါမယ်။ ဗဟန်း ဦးချစ်မောင်လမ်းထဲမှာ ရှမ်းစားသောက်ဆိုင် ရွှေလီဝင်းက ဆိုင်ရှင်လည်းဖြစ် စားဖိုမှူးလည်းဖြစ်တဲ့ ကိုဖိုးသားက ကိုယ်တိုင်ချက်ပြမှာပါ။ ငါးဖက်ထုပ်ပေါင်းလုပ်ဖို့ လိုအပ်တာတွေက ငါးကြင်း၊ ငြုပ်ကောင်းမှုန့်၊ ဆား၊ အသားမှုန့်၊ ဆီနည်းနည်းနဲ့ ခပ်ပါးပါးလှီးထားတဲ့ ရှမ်းနံနံ၊ နံနံပင်၊ ဖက်ဖယ်ရွက်၊ ကျိုချိုက်ရွက်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ကြိတ်ထားတဲ့ ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ၊ ဆီသတ်ထားတဲ့ ငရုပ်သီးနဲ့ ကြက်သွန်ဖြူဆီသတ်ကိုလည်း ပြင်ထားပေးပါ။




ပါးပါးလှီးထားတဲ့ အရွက်တွေနဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးတွေအားလုံးကို ဆီသတ်လိုက်ပါ။ ဆီသတ်ပြီးရင်တော့ ငါးကြင်းတုံးနဲ့ နယ်လိုက်ရပါမယ်။ နယ်တဲ့အခါမှာလည်း ဆားကို လိုသလို အပေါ့အငံ့ ထည့်ပြီး တစ်ချို့က အသားမှုန့်ထည့်ချင်တယ်ဆိုရင်လည်း ရပါတယ်။ နှံ့အောင် နယ်ပြီးရင်တော့ အရသာဝင်အောင် ခဏနှပ်ထားရပါမယ်။
ရန်ကုန်သားတွေ သိပ်မသိကြတဲ့ ဖက်ဖယ်ရွက်ကို လမ်းမတော်သံဈေးမှာ ဝယ်နိုင်ပါတယ်။ ၁၅မိနစ်လောက် ပေါင်းပြီးရင်တော့ ငရုတ်သီးဆီသတ်နဲ့ ကြက်သွန်ဖြူဆီသတ်ထားတာကို အပေါ်မှာလောင်းပြီး ဂျူးမြစ်၊ ကြက်သွန်ဖြူတို့နဲ့ စားသုံးနိုင်ပါပြီ။


Sae Hark Maine
ShanStateDefenceArmy

>>> Thank You, Welcome to watch and read again kha <<<
 
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts