နန်းယီဆိုင်ကော်





                      တိုင်းရင်းသားတို့တွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေး မှု၊ စာပေ၊ ဘာသာစကားများရှိပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ရှမ်းရိုးရာပုံပြင်များလည်းရှိသည်။ကမ္ဘာဦးအစတွင် ရှမ်းတိုင်းရင်းသားများကို ထိုင်းဟုခေါ် လေ့ရှိပြီး ''တောက်ပခြင်း''ဆိုသည့်အဓိပ္ပာယ်ရှိကာ နောက် ပိုင်းတွင် လျှမ်းလျှမ်းတောက်ပခြင်း၊ ပြည့်ဝခြင်းသဘော ဆောင်သော ရှမ်းတိုင်းရင်းသားများဖြစ်လာကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေထားသည့် ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ စာအုပ်မှ သိရသည်။

ရှမ်းပုံပြင်များစွာအနက် မနာလိုစိတ်များကြောင့် သနားစဖွယ်သေဆုံးရသော သားအမိနှစ်ဦး၏အဖြစ် အပျက်များကို အခြေခံကာ တိရစ္ဆာန်များနှင့်လူသား အကြားထားရှိသည့် မေတ္တာများကိုဖော်ကျူးထားသော ''နန်းယီဆိုင်ကော်'' ပုံပြင်လေးကို လေ့လာဖော်ပြပေးမှာ ဖြစ်ပါသည်။

''ရှမ်းပုံပြင် သီးသန့်ရှိပါတယ်။ နာမည်ကြီးပုံပြင်ပေါင်း ၁၆ပုဒ်ရှိတယ်။ ဇာတကဝတ္ထုတွေကို ရှမ်းလိုပြုစုပြီးပြော တဲ့ပုံပြင်တွေလဲ ရှိပါတယ်။ ကျွန်တော့်အဘွားက ပြော ပြလို့ သိရတယ်။ ပုံပြင်တွေကို လက်ဆင့်ကမ်းပြောလေ့ရှိ ပါတယ်။ ရှမ်းဘာသာစကားနဲ့ထုတ်ထားတဲ့ ရှမ်းပုံပြင် ပေါင်းချုပ်စာအုပ်တော့ ရှိတယ်။ အခု ရှာမတွေ့တော့ ဘူး။ ပုံပြင်တွေကို စာအုပ်ထုတ်နိုင်ရင်တော့ အကောင်း ဆုံးပေါ့''ဟု ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတာဝန်ခံ မှ ဦးစိုင်းလိုင်းဟန်ကပြောသည်။ ပုံပြင်များစွာရှိသည့်အနက် အချစ်ဇာတ်လမ်းအပြင် မေတ္တာဘွဲ့ အလွမ်းဇာတ်လမ်းများ၊ ဟာသဇာတ်လမ်း များ၊ တိရစ္ဆာန်များကိုအခြေခံထားသော ပုံပြင်များလည်း ရှိပြီး သဘာဝထက်လွန်သောပုံပြင်များလည်းရှိကြောင်း သိရသည်။

ေိေ  ရှေးအခါက အမျိုးသားကြီးတစ်ဦးတွင် မယားနှစ် ယောက်ရှိပြီး ပထမ မယားမှမွေးဖွားလာသော မိန်းမပျို လေးမှာ နန်းယီဆိုင်ကော်ဖြစ်ကာ ဒုတိယမယားမှမွေး လာသော မိန်းကလေးနာမည်မှာ အဲအီဖြစ်သည်။ နန်းယီဆိုင်ကော်၏မိခင်သည် အလွန်ရိုးသားသော ကြောင့် မယားငယ်ဖြစ်သူမှာ ငါးခိုးစားပြီး ငါးအရိုးများကို နန်းယီဆိုင်ကော်မိခင်၏ဆံထိုးတွင် တိတ်တဆိတ် ထိုး ထားသည်။

အဲဒီလိုထိုးထားပြီး ယောက်ျားဖြစ်သူအား နန်းယီ ဆိုင်ကော်အမေသည် စုန်းမဖြစ်သည်။ ငါးများကိုခိုးစား ပြီး ဆံထိုးတွင်ထိုးထားတာကို တွေ့ခဲ့ရကြောင်းကုန်း ချောစကားဆိုကာ ရေထဲကို လှော်တက်နဲ့ရိုက်ချပြီးသတ်ရန် သူမ၏ယောက်ျားကို ခိုင်းလိုက်သည်။

ထိုယောက်ျားလည်း မယားငယ်ပြောသောစကား ကို ယုံကြည်မိပြီး မယားကြီးကို သတ်လိုက်လေသည်။မယားကြီးဖြစ်သူအမျိုးသမီး သေဆုံးသွားပြီး လိပ်မကြီး ဖြစ်သွားကာ သူမ၏သမီးလေးကို လိပ်ဘဝနှင့်စောင့် ရှောက်ခဲ့သည်။ မယားငယ်၏သမီးထက် ပိုလှနေသော မယားကြီး၏သမီးကို မသင်္ကာရာမှ လိပ်မကြီးရှိမှန်းသိ သွားပြီး သတ်ခိုင်းပြန်သည်။ သေဆုံးသွားသောမိခင် လိပ်မကြီး၏အရိုးကို လမ်းဆုံမှာမြှုပ်ထားရာမှ ညောင်ပင် ပေါက်လာသည်။

အဆိုပါညောင်ပင်မှာအခြားညောင်ပင် နှင့်မတူဘဲ ညောင်ပင်ကနေ လေမတိုက်ဘဲ သာယာနာ ပျော်ဖွယ်ကောင်းသည့် သံစဉ်များ ထွက်ပေါ်နေသည်။ သံစဉ်တွေထွက်ပေါ်နေသော ညောင်ပင်အကြောင်း ကို ဘုရင်သိသွားပြီး လာရောက်ကြည့်ရှုကာ ညောင်ပင် အား နန်းတော်တွင်ထားရှိနိုင် ရန် ရွှေ့ပြောင်းပေးနိုင်ပါက အမျိုးသားဖြစ်လျှင် အိမ်ရှေ့အရာ၊ အမျိုးသမီးဖြစ်လျှင် မိဖုရားမြှောက်မည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။

''အဲဒီညောင်ပင်က ထူးဆန်းတယ်။ ထွက်လာတဲ့ အရွက်တွေက အဝါရောင်တွေဖြစ်ပြီး လေမတိုက်ဘဲ တူရိယာအသံတွေထွက်လာတယ်။ ဘယ်သူမှလဲ အဲဒီ ညောင်ပင်ကိုမနုတ်နိုင်တဲ့အဆုံး ဘုရင်က နုတ်နိုင်သူကို ချီးမြှင့်မယ်လို ကြော်ငြာထားတယ်။ မယားကြီးရဲ့သမီး က သူ့အမေအရိုးကပေါက်လာတဲ့ ညောင်ပင်ကို မြ တဘက်နဲ့ရစ်ပြီးနုတ်နိုင်တော့ မိဖုရားအရာရောက်သွား တယ်''ဟု ရှမ်းတိုင်းရင်းသား ဦးစိုင်းလိုင်းဟန်က ပြောပြ သည်။

ချောမောလှပသော နန်းယီဆိုင်ကော် မိဖုရားဖြစ် သွားပြီးနောက် မိထွေးဖြစ်သူမှာ ထပ်မံအကောက်ကြံလို သဖြင့် အိမ်ကိုထမင်းစားဖိတ်သည်။ နန်းယီဆိုင်ကော် လည်း သဘောရိုးထင်၍ သွားလေရာ ရေထဲတွန်းချပြီး သတ်လိုက်ပြန်သည်။ ရေနစ်မသေခင် ကြာပန်းပွင့်လေး ဖြစ်ပါစေလို့ အဓိဋ္ဌာန်ထားတဲ့အတွက် ကြာပန်းပွင့်ကြီး ဖြစ်သွားကာ ရေထဲတွင် ကြာပန်းပွင့်အဖြစ် မျောသွား သည်။

ယင်းကြာပန်းပွင့်ကို သားသမီးမရှိတဲ့အဘိုးအဘွား လင်မယားနှစ်ဦးမှ ဆယ်ယူခဲ့ပြီး အိမ်တွင်ထားလိုက်ရာ ကြာပန်းပွင့်ထဲမှ မိန်းကလေးတစ်ယောက်ထွက်လာပြီး ထမင်း၊ ဟင်းချက်ခြင်း၊ အဝတ်လျှော်ခြင်းများ ဆောင် ရွက်ပေးနေတာ တွေ့ရသဖြင့် ကြာပန်းကိုမီးရှို့လိုက်ရာ နန်းယီဆိုင်ကော်လည်း လူသားအဖြစ် အဘိုးအိုလင်မ ယားနှင့် အတူတကွနေထိုင်ရတော့သည်။

အဲဒီအချိန်တွင် နန်းတော်တွင်း၌ နန်းယီဆိုင်ကော် ကိုယ်စား မယားငယ်ရဲ့သမီး အဲအီမှ မိဖုရားအသွင်ဖြင့် နေသော်လည်း ဘုရင်ကြီးမှာ သူ့မိဖုရားမှာ အစွမ်းရှိသော ကြောင့် ရုပ်ပြောင်းလဲထားသည်ဟု ထင်မှတ်နေလေ သည်။ ကြာပန်းအတွင်းမှထွက်လာသော နန်းယီဆိုင် ကော်ကို ဘုရင်ကြီး တွေ့မြင်တော့မှ သူ၏မိဖုရားနှင့် ရုပ် ချင်း ထပ်တူတူနေတော့မှ နန်းတွင်းရှိမိဖုရားမှာ အယောင် ဆောင်ထားမှန်းသိကာ နန်းတော်အတွင်းမှ နှင်ထုတ် လိုက်လေသည်။

''အဲဒီဇာတ်လမ်းက ထိုင်းမှာလဲရှိတယ်။ ဟိုမှာကျ တော့ လိပ်မကြီးမဟုတ်ဘူး။ ငါးမကြီးဖြစ်သွားတယ်''ဟု ရှမ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။ သူတစ်ပါးအားမကောင်းကြံသောမိထွေးနှင့် အဲအီ တို့မှာ နန်းတော်မှထွက်သွားရပြီး နန်းယီဆိုင်ကော်လည်း မိဖုရားပြန်ဖြစ်သွားသည်။

ရှမ်းတိုင်းရင်းသားတို့သည် ရှေးအချိန်က မင်းမျိုး၊ စော်ဘွားမျိုးများအဖြစ် ရှမ်းဒေသကိုအုပ်ချုပ်ခဲ့ကာ မင်း မျိုး၊ စော်ဘွားမျိုးများ၏နာမည်ရှေ့တွင် စောဝ်၊ မှူးကြီး၊ မတ်ကြီးမျိုးနွယ်ရှေ့တွင် ခွန်၊ ယောက်ျားလေးဆိုလျှင် အိုက်၊ လူပျိုဆိုလျှင် စိုင်း၊ မိန်းကလေးဆို လျှင် နန်းဟု အမည်မှည့်ခေါ်ကြောင်းသိရသည်။




Sae Hark Maine
Get From >>>> Yangon Times Journal 
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts