ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိဖို.လိုတယ်



          အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်ပိုင်း အရည်အချင်း မရှိရင် အဖွဲ့အစည်း မတိုးတက်နိုင်ဘူး ဒီလိုဘဲ ရှမ်းလူမျိုးကို ကိုယ်စား ပြုတဲ့ ခေါင်းဆောင်ပိုင်း မှာလည်း အရည်အချင်း နဲရင်(သို့)အရည်အချင်း မရှိရင်ရှမ့်းလူမျိုး မတိုးတက်တော့ဘူး သူများအောက်မှာ၊ သူများနောက်မှာ အမြဲတမ်း ရှိနေရတော့မယ် လူအများရဲ့ ဆန္ဒကို ကိုင်စွဲ ပြီး ရှေ့သို့ ဦးဆောင်သွားသော ပုဂ္ဂိုလ် များဟာ ပင်ကိုအရည်အချင်းကို မြဲမြဲ ဆုပ်ကိုင် ပြီး ရှမ်းဘဲဟေ့ ...ဆိုတဲ့ မျိုးချစ်စိတ်ဓာတ် နဲ့ ဇာတိသွေး၊ ဇာတိမာန် အပြည့် နဲ့ အခွင့်အရေး ကို မဆုတ်မနစ် ရင်ဆိုင်တိုက်ခိုက်ပြီး အရယူသွားနိုင်ရမယ် မဲပေးသောပြည်သူများလည်း မဲပေးရကျိုးနပ်သလို ပြည်သူ့မဲပြားများကို ဆုပ်ကိုင်သင့်၊ ဆုပ်ကိုင်ထိုက်သော ပုဂ္ဂိုလ် အဖြစ် ဆက်လက် ရပ်တည် သွားနိုင်သလို အမျိုးဂုဏ်လည်း တင့်တယ် တယ် ကိုယ့်ရဲ့ဂုဏ်လည်း တောက်ပြောင်စေတာဘဲ
မဲပေးသောပုဂ္ဂိုလ်များလည်း မဲအပေးခံရသော ပုဂ္ဂိုလ် များကို သေချာစွာ လေ့လာသင့်သလိုမဲအပေးခံရသော ပုဂ္ဂိုလ် များကလည်း ကတိပေးသည့် အတိုင်း တာဝန်ကြေနိုင်အောင် ကြိုးစားရမယ်တချို့သောပုဂ္ဂိုလ်များဟာ အပြောကောင်းကောင်း နဲ့ ပြည်သူ့မဲပြားကို ကိုင်ပြီး ဝင်သွားတယ် ပင်ကိုအရည်အချင်းက နဲတော့ ရှမ်းပြည် နဲ့ ရှမ်းလူမျိုး များ အကျိုးကို ထူးထူးခြားခြား မဆောင်ရွက်နိုင်ခဲ့ကြဘူးအချိန်ကာလအပိုင်းအခြား တခုကို ကျော်လာခဲ့ပြီးပြီ သက်တမ်း ကုန်လုနေပြီ ရှမ်းပြည် နဲ့ ရှမ်းလူမျိုး များအတွက် ဘာမှ ထူးထူးခြားခြား ဖြစ်မလာသေးပါဘူး ဖိနှိပ်ချုပ်ချယ်မှုကြားထဲက၊ ဘောင်အကန့်အသတ် ကြားထဲက ရှမ်းလူမျိုးများရဲ့ ဆန္ဒအမှန်ကို ထင်ဟပ် နိုင်အောင်၊ အခွင့်အရေး ရအောင်လမ်းဖောက်နိုင်ရမယ်၊ ဆောင်ကြဉ်းပေးနိုင်ရမယ် အဲဒါ ပြည်သူကပေးသော မဲတပြားရဲ့ တန်ဘိုးသာဖြစ်တယ် မဲတပြားရဲ့ တန်ဘိုး အတိမ်အနက်ကို နားလည်သဘောပေါက်ရင် ပုခုံးပေါ် တင်ထမ်းထားတဲ့ မဟာတာဝန်ကြီးတရပ်ကို ပေါ့ပေါ့တန်တန် တန်ဘိုး ထားမှာမဟုတ်ဘူး လေးလေးနက်နက် ဖြစ်ပြီး စိတ်နှစ်၊ ကိုယ်နှစ် ပြီး လုပ်သွားနိုင်ပါလိမ့်မယ်


မရှိတဲ့ အခွင့်အရေး ၊ ပိတ်ပင်တားဆီး ထားတဲ့ အခွင့်အရေး များကို ရဲရင့်မှုနဲ့ လိမ္မာပါးနပ်မှုကို အသုံးချပြီး ရယူဖန်တီးသွားနိုင်ရင် အဲဒါ ခေါင်းဆောင်ကောင်း တယောက်ရဲ့ အရည်အချင်း ဘဲ ရှမ်းပြည်မှာ ဒီလို ခေါင်းဆောင်ကောင်း ရှိနိုင်ကောင်းပါရဲ့......... ပုံပြင်တခုကို သွားသတိရမိတယ် ရှေးအခါက တိုင်းပြည်တပြည်မှာ ဘုရင်သစ် နန်းတက် အုပ်စိုးသတဲ့ မြို့စား၊နယ်စား၊ မျိုးနွယ်စုအသီးသီးကို လာရောက် ခစားဘို့ စာထုတ်ပြီး ဆင့်ခေါ်လိုက်တယ် နယ်ပယ် အသီးသီးက မျိုးနွယ်စုအသီးသီး နန်းတော်ကို ဝင်ရောက်ခစားကြတယ် လက်ဆောင်ပဏ္ဌာအသီးသီး ဆက်သကြတယ် အချိန်ကျလို့ ဘုရင်ကြီးက သူ့ရဲ့နန်းတက်ပွဲကို လာရောက်ခစားတဲ့အတွက် အထူးအခွင့်အရေး ပေးမယ် လိုရာကို တောင်းဆိုကြပါတဲ့ မျိုးနွယ်စုခေါင်းဆောင်အသီးသီး တယောက်ပြီးတယောက် လက်အုပ်ချီ ပြီး လျှောက်တင်ကြတယ် ဘုရင်ကြီးကလည်း အမိန့်စာထုတ်၊တံဆိပ်ခတ်နှိပ် လက်မှတ် ရေးထိုးပြီး ပေးအပ်လိုက်ကြတယ် ခပ်လှမ်းလှမ်း နောက်ဆုံးမှာ ရှိတဲ့ လူတယောက်က ကြည့်နေတယ် ဘာတွေလျှောက်တင်ပြီး ဘာတွေအမိန့်ချပြီးခွင့်ပြုသလဲ ဆိုတာ စိတ်ဝင်စားနေတယ် နန်းတက်ပွဲပြီးလို့ ပြန်တဲ့အချိန်မှာ အဲဒီလူက မြို့တံခါးမှာ စောင့်ပြီး တယောက်ပြီးတယောက် မေးသွားခဲ့ကြတယ် တချို့သော ပုဂ္ဂိုလ် ကကိုယ့်နေရာဌာနမှာ ကိုယ့်ဘာသာ စီမံခန့် ခွဲ အုပ်ချုပ်ဘို့ လျှောက်တင်ကြတယ်တချို့ သောပုဂ္ဂိုလ်က ကိုယ့်နေရာဌာနမှာ မဖွံ့ဖြိုးလို့ နည်းပညာနဲ့ ပညာရှင် အကူအညီ ရဖို့ လျှောက်တင်ကြတယ်
တချို့ သော ပုဂ္ဂိုလ် က ကိုယ့်နေရာဌာနမှာ နေထိုင်စားသောက်မှု ခေါင်းပါးလို့ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ဘို့ လျှောက်တင်ကြတယ် တချို့သော ပုဂ္ဂိုလ် က နားမလည်လို့၊မလျှောက်တတ်လို့ ဘာမှ မလျှောက်ဘဲ နေကြတယ်ခြုံပြီး သုံးသပ်ကြည့်ရင် လူ(၄)မျိုးတွေ့ရတယ် ။
(၁)ကိုယ့်လူမျိုး၊ကိုယ့်နေရာမှာ ကိုယ့်ဘာသာ စီမံခန့် ခွဲ ၊ အုပ်ချုပ်ဘို့ အခွင့်အရေး ရတဲ့လူ
(၂)ကိုယ့်လူမျိုး၊ကိုယ့်နေရာမှာ နည်းပညာနဲ့ ပညာရှင် စေလွှတ်ြဲပီး အကူအညီ အထောက်အပံ့ ပေးတဲ့ အခွင့်အရေး ရတဲ့လူ
(၃)ကိုယ့်လူမျိုး၊ကိုယ့်နေရာမှာ စားနပ်ရိက္ခာ အပြည့်အစုံ ကူညီပံ့ပိုးပေးတဲ့ အခွင့်အရေး ရတဲ့လူ
(၄)ဘာမှ မသိလို့၊ ဘာမှနားမလည်လို့ ဘာမှ မလျှောက်တဲ့ လူ .....ဆိုပြီး လူ(၄)မျိုးခွဲခြားတွေ့ရတယ်
ဘုရင်ကြီးပေးတဲ့အခွင့်အရေး မတူတာက လျှောက်တင်ကြတဲ့ လူရဲ့ဆန္ဒအတိုင်း သာ ခွင့်ပြုခဲ့ခြင်းဖြစ်တယ်
ရှမ်းပြည်သူအပေါင်းတို့ မဲပေးရွေချယ်တဲ့နေရာမှာ လူ(၄)မျိုးထဲက ဘယ်အမျိုးအစားကို ရွေးပြီး မဲပေးမယ်ဆိုတာ ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ်ကြ.....မဲလည်းပေးခဲ့ဘူးပြီးပြီ ကိုယ်ပေးတဲ့ပုဂ္ဂိုလ် ပြည်သူအတွက် ဘယ်လို အလုပ် လုပ်ခဲ့သလဲဆိုတာ.....သိမြင်လောက်ပြီပေါ့ အခြေခံ လူတန်းစား အတွက် မြေယာပြဿနာ၊ နည်းဥပဒေပြဿနာ စသည့်ပြဿနာပေါင်း များစွာကို ဘယ်ပြဿနာမှာ ပါဝင်ဖြေရှင်းဘူးသလဲ ဆိုတာ စဉ်စား၊သုံးသပ်ကြဖို့ လိုအပ်နေပါပြီ အဲဒါ မှ မှန်ကန် တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါလိမ့်မယ် လွှတ်တော်ထဲဝင်၊ ဟုတ်ကဲ့ပြော၊ ပေးတာယူပြီး ပြန်ဆိုရင် ပြည်သူ့မဲပြားနဲ့ မတန်တဲ့ပုဂ္ဂိုလ်သာ ဖြစ်တယ်
ပြည်သူရဲ့ ဆန္ဒ၊ ပြည်သူရဲ့ မဲကို ရယူဖန်တီးနိုင်ရင် ပြည်သူ့ဆန္ဒ(သို့)အများအကျိုး အတွက် အခွင့်အရေး ကို ဖန်တီး ပေးနိုင်ဖို့ ခံယူချက်ထဲမှာ ထင်ဟပ် နေမှ ကြုံလာတဲ့ ပြဿနာပေါင်းစုံကို မညည်းတွားတမ်း ရင်ဆိုင်သွားနိုင်ပါလိမ့်မယ် မဲပေးတဲ့ပုဂ္ဂိုလ်များလည်း လူ(ူ၎)မျိုးထဲမှာ ဘယ်ပုဂ္ဂိုလ်ကို ရွေးချယ်ကြမလဲ မဲပေးခံရတဲ့ပုဂ္ဂိုလ်များလည်း လူ(၄)မျိုးထဲမှာ ဘယ်ပုဂ္ဂိုလ်မျိုးနေရာမှာ နေသင့်သလဲ ဖြစ်သင့်သလဲ ဆိုတာ ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်ကြ............။ မဲပေးရွေးချယ်မှုပြုတဲ့ ပုဂ္ဂိုလ် များလည်း မှန်ကန် တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ကြပါစေ၊ ပြည်သူ့ဆန္ဒ ကို ရယူထားတဲ့ပုဂ္ဂိုလ်များလည်း မှန်ကန် တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ကြပါစေ။



Sae Hark Maine
ShanStateDefenceArmy

>>> Thank you. Come read and visit again Kha <<<

Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts