လူ့အခွင့်အရေးကြေဘာ စာတမ်းကို ၁၉၄၈
ခုနှစ်မှာအသိအမှတ်ပြုခဲ့သည်။ လူ့အခွင့်အရေးကြေညာ စာတမ်း၏ရည်ရွယ်ချက်မှာ
စစ်အာဏာရှင်များမိမိထင်သလိုတိုင်းပြည်ကို
စနစ်မဲ့အုပ်ချုပ်ခြင်းမပြုလုပ်ရရန် ပြည်သူလူထုများကိုလည်းစားလိုက်နာရန်
အဓိက ရည်ရွယ်ချက် ဖြစ်သည်။ မြန်မာနှိင်ငံတွင် ယခုဆိုလျှင်
ဖွဲ့စည်းပုံအခြေခြံ ဥပဒေ သုံးခုတောင်မှာရှိခဲ့ပေပြီ။ မြန်မာနှင်ငံသည် ၁၉၄၇
ခုနှစ်မှာလွပ်လပ်ရေးရပြီး ပြည်ထောင်စု သမ္မတ
မြန်မာနှင်ငံဖွဲ့စည်းပုံအခြေခြံဥပဒေဖြစ်သည်။ ၎င်းအချိန်တွင် သခင်ဦးနု
အုပ်ချုပ်သောအချိန်ဖြစ်ပြီး တိုင်းပြည်သည်လွပ်လပ်ပြီးတရားမျှတသောကြောင်း
တိုင်းပြည်တွင် အဘက်ဘက်မှ တိုးတက်မူရှိသည်။ ထို့နောက် ၁၉၆၂
ခုနှစ်တွင်ဦးနေဝင်း ဦးဆောင်သောစစ်အစိုးရသည် အာဏာသိမ်းယူခဲ့ပါသည်။
ထိုအချိန်မှာစပြီးမြန်မာနှိင်ငံသည် အဘက်ဘက်မှာ ဆုပ်ယုပ်လာပါတယ်။.
နောက်ပြီး ဦးနေဝင်းအာဏာသိမ်းပြီးနောက်
၁၉၇၄ ခုနှစ်မြန်မာဆိုဆယ်လစ် ဖွဲ့စည်းပုံအခြေခြံဥပဒေဖြစ်သည်။
နောက်ပြီး၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံးအခြေခြံဥပဒေ ဟူပြီး ဖွဲ့စည်းပုံ
သုံးခုတောင်ရှိခဲ့ပေပြီး ၁၉၆၂ နှစ်မှစပြီးယခုထက်တိုင် လူ့အခွင့်အရေး
ချိုးဖောက်ခံနေရသည်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခြံဥပဒေဆိုတာ
နိုင်ငံတော်ကိုအုပ်ချုပ်မင်းလုပ်တဲ့
အစိုးရတွေရဲ့အာဏတွေကိုကန့်သတ်ြ့ပီး ပြည်သူလူထုတွေရဲ့အခွင့်အရေးကို
အာမခံကာကွယ်ဌာန်းထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်
ပြည်သူလူထုရဲ့အခွင့်အရေးကို မည်သူမျှ ချိုးဖောက်မရအောင်
ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ ချိုးဖောက်လို့ရှိရင် ဖွဲ့စည်းပုံအခြေခြံအရ
အရေးယူပိုင်ခွင့်ရှိပါတယ်။ မြန်မာစစ်အစိုးရဟာလည်းအဲဒီလို
လူ့အခွင့်အရေးကိုချိုးဖောက်နေတာပါပဲ။ မြန်မာနှိင်ငံကို တိုင်းရင်းသားခုနှစ်မျိုးနှင့် ဗမာလူမျိုး ဆိုပြီးအဓိကလူမျိုးကြီးရှစ်မျိုးဖြင့်ဖွဲ့စည်းထားတာပဲ။ ဗမာလူမျိုးကလက်ဝက်ကြီးအုပ်စိုးပြီး လူမျိုးရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံနေတယ်။ ယခုဆိုရင်တိုင်းရင်းသားတွေဟာ မိမိဘာသာ ယဉ်ကျေးမူ
မိမိသမိုင်းကြောင်းကိုထုပ်ဖော်ပြောဆိုနှင်ခွင့်မရှိဘဲ ဗမာသမိုင်းကြောင်း စာပေ ယဉ်ကျေးမူကိုဘဲ တိုင်းရင်းသားတွေက မိမိဘာသာ အဖြစ်သတ်မှတ်ပြီး လိုက်နာနေကြရပါတယ် ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးမဆို မိမိဘာသာ ယဉ်ကျေးမူ စာပေကို ဖော်ထုပ်ချင်ကြတာပဲ အဲတာတွေကလည်း တိုင်းရင်းတွေက အခွင့်အရေးချိုးဖောက်ခံနေရတာပဲ။

လူ့အခွင့်အရေးဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်၊
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ
လူသားတို့ရဲ့ရပိုင်ခွင့်အခွင့်အရေး အချက်(၃၀)ကို ထည့်သွင်းဖော်ပြထားတယ်၊
ဒါပေမယ့် မြန်မာစစ်အစိုးရဟာ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့
အခွင့်အရေးတွေကို ချိုးဖောက်နေတယ်၊ အခွင့်အလမ်းတွေကို ဖော်ဆောင်မပေးဘူး၊
လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အစိုးရက ပြည်သူတွေအပေါ်မှာ
ချိုးဖောက်မှုတွေဖြစ်ပေါ်နေသလို အသိပညာ မဖွံ့ဖြိုး၊ မတိုးတက်တဲ့ဒေသတွေမှာလည်း
ပြည်သူတွေအချင်းချင်း ချိုးဖောက်မှုတွေဖြစ်ပေါ် နေကြတယ်၊
အခုလိုမဖွံ့ဖြိုးတဲ့ဒေသတွေမှာ အသိပညာပေးမှုတွေကို ပြုလုပ်ပေးဖို့အတွက်
အစိုးရမှာ တာဝန်ရှိပါတယ်၊
စစ်အစိုးရဟာ တိုင်းရင်းသားပြည်သူတွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးတွေကို ပိတ်ပင်တားဆီးနေတယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ဘိုးဘွားပိုင်သယံဇာတတွေ အများကြီးရှိတယ်၊ စစ်အစိုးရက နယ်ချဲ့လူမျိုးကြီးဝါဒ စနစ်ကို ကျင့်သုံးပြီး ရခိုင်ပြည်က ထွက်ရှိတဲ့ သဘာဝသယံဇာတကို လက်ဝါးကြီးအုပ် ထုတ်လုပ်ရောင်းချနေကြတယ်၊ ရရှိလာတဲ့ငွေကြေးတွေကို ရခိုင်တိုင်းရင်းသားတွေ အတွက်လည်းအသုံးမပြု၊ အခြားတိုင်းရင်းသား ပြည်သူတွေအတွက်လည်း အသုံးမပြုဘူး၊ သူတို့ရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် စစ်လက်နက် ၀ယ်ယူရေးအတွက်မှာသာ အသုံးပြုနေကြတယ်၊ ဒါတွေဟာ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့် အခွင့်အရေး တွေကို ချိုးဖောက်နေတာပဲ၊
ယခင်က ရမ်းဗြဲမြို့နယ်မှာရှိတဲ့ဒေသခံပြည်သူတွေဟာ မိသားစုဝတ်နေရေးအတွက် တနိုင် တပိုင်ရေနံစိမ်းတွေ တူးဖော်ပြီး ရောင်းချအသုံးခဲ့တယ်၊ ဒါကို အစိုးရမက ရေနံတွင်းတွေကို တိုင်းတပါးကို ရောင်းချလိုက်တော့ ဒေသခံပြည်သူတွေ အကြပ်အတင်းတွေ့နေရတယ်၊ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာသစ်ဝါးတွေ အများကြီးထွက်ရှိတယ်၊ ဒေသခံပြည်သူတွေဟာ သားသမီးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး စတဲ့ကုန်ကျစရိတ်တွေကို မိမိတို့ဒေသမှာ ရှိတဲ့သစ်ဝါးတွေကို တနိုင်တပိုင်ထုတ်လုပ်ကြတယ်၊ ဒါကို အစိုးရကတောတောင်တွေမှာ သစ်မခုတ်ရဆိုတဲ့ဆောင်ပုဒ်တွေကပ်ပြီး နောက်ကွယ်မှာ လူတစ်ချို့ကစစ်အစိုးရနဲ့ပေါင်းပြီး ရှိသမျှ သစ်တောတွေ ပြုန်းတီးအောင် ထုတ်ယူရောင်းချနေကြတယ်၊ ဒါတွေဟာ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို စစ်အစိုရက ချိုးဖောက်၊ ပိတ်ပင်တားဆီးနေတာဖြစ်တယ်၊
ပြည်သူတွေအနေနဲ့လည်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် ဆိုတာမရှိတော့ဘူး၊ ပြည်တွင်းထဲမှာ သော်မှ တစ်မြို့နဲ့တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာသွားလာနေတာကိုသော် စစ်သားနဲ့ ရဲတွေက ခေါ်ယူစစ်ဆေးကြတယ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားပါလျှက်နဲ့ လူဝင်မှုကြီးကြပ်ရေးဂိတ်တွေမှာ ငွေတွေပေးကြရတယ်၊ ဒါဟာ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ချိုးဖောက်နေတာဖြစ်သလို ပြည်သူတွေကို ခြိမ်းခြောက်မှုဖြစ်စေတာပေါ့၊
၁၉၉၄- ၉၅ ကာလ အာရှလမ်းမကြီးစတင်ဖောက်လုပ်ချိန်က ကျမတို့ ဒေသခံပြည်တွေဟာ လမ်းလုပ်ဖို့ လိုက်ကြရတယ်၊ လူတွေဟာ အသက် ၁၀နှစ်ကပင် ၇၀ ကျော်အထိပါကြတယ်၊ တစ်ခါတလေ အချိန်နောက်ကျတော့ မိမိတို့တာအထိရောက်အောင် စစ်တပ်က ဖားခုန်ပြီးသွားခိုင်းတယ်။ ဒါဟာ အစိုးရက အတင်းအဓမ္မ လုပ်အားစေခိုင်းတာဖြစ်တယ်။
အခုဆိုရင် ကြံ့ဖွံ့တွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးတွေဆင်းနေကြတယ်၊ သူတို့တွေ စည်းရုံးရေးဆင်းတဲ့အခါ မတော်မရား စည်းရုံးမှုတွေကို ပေါက်ကြားသွားမှာ စိုးလို့ဖုန်းလိုင်းတွေကို ဖြတ်တောက်ကြတယ်၊
စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုကို နည်းမျိုးစုံးနဲ့ချိုးဖောက်နေကြတယ်၊ ခြုံငုံပြီးပြောရရယ် စစ်အစိုးရက ပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်းမှာပါတဲ့ အချက်(၃၀) ကို ချိုးဖောက်နေတာပါ။ အခုလို ချိုးဖောက်မှုတွေ ပပျောက်သွားအောင် ပြည်သူတွေကို အသိပညာပေးမှုတွေပြုလုပ်ရမယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း သတင်းအချက်အလက်ကို တိတိကျကျကောက် ယူပြီးစစ်အစိုးရကို တရားစွဲဆိုမှုတေ ပြုလုပ်ကြရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ နိုင်ငံသား အဖြစ်
အသိအမှတ်ပြုတယ်ဆိုတာ နိုင်ငံသား စိစစ်ရေးကဒ်ပြား ထုတ်ပေးထားရုံနဲ့
လုံလောက်တယ်လို့ စစ်အစိုးရက လက်ခံနေပုံရတယ်။ ဆက်စပ်ကြည့်ပါ- နိုင်ငံသား
တစ်ယောက်ရဲ့ အခြေခံ လွတ်လပ်မှုလေး တစ်ခုသာ ဖြစ်တဲ့ နိုင်ငံတွင်း
ခရီးသွားလာခွင့်ကိုတောင် မြန်မာနိုင်ငံမှာ မတွေ့ရဘူး။ သတင်း အတိအကျ
ရထားလို့ မင်္သာသူကို လုံခြုံရေး အရ ရှာဖွေရတယ်လို့ အကြောင်းပြချက်မျိုးတော့
လာမပြောနဲ့။ မြန်မာနိုင်ငံမှာ ခရီးသွားလာနေတဲ့ သူတိုင်း သိတယ်။ ဒါတွေဟာ
နိုင်ငံသား တစ်ယောက်ဖြစ်နေရက်သားနဲ့ မျိုးရိုးစဉ်ဆက် မြန်မာနိုင်ငံသား
ဖြစ်နေလျက်နဲ့ ခုလိုမျိုး အသေးအဖွဲ့ အခွင့်အရေးတွေက အစ မြန်မာနိုင်ငံရှိ
နိုင်ငံသား တိုင်း ခံစားနေရတာတွေပါ။ သူတို့ရဲ့ ခံစားချက်ကို ထပ်ဆင့်
ညွှန်းဆိုရမယ် ဆိုရင် နိုင်ငံမဲ့ နိုင်ငံသား တစ်ယောက် အဖြစ် ခံစားရမှာပါ။ ဒီ
သွားလာခွင့်ကိုတောင် လွတ်လပ် စွာ ခွင့်မပြုထားပါပဲနဲ့ နအဖ အစိုးရဟာ
နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး အချက် အလက် တွေကို လေးစား လိုက်နာ
တန်ဖိုးထားတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံနဲ့ အဝေး တစ်ခြား
နိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဒုက္ခ ရောက်ချင်သလို
ရောက်နေပါစေ ဒီအတိုင်း ပစ်ထားရက်တဲ့ မြန်မာ သံရုံးနဲ့ နိုင်ငံတော်
အစိုးရတွေကို အံ့လည်း အံ့သြမိတယ်။ ဒါတွေ ကွယ်ပျောက်သွား နိုင်အောင် လုံးဝ
မရှိတော့အောင် ရပ်တန့်သွားအောင် အခုအချိန်မှာတော့ လုပ်နိုင်မယ် မထင်သေးဘူး။
ဘာလို့လည်း ဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် ကြိုးစားတိုက်ပွဲ
ဝင်နေကြတဲ့ အတိုက်အခံ ဒီမိုကရေစီ ဘက်တော်သား တွေမှာ တရားခုံရုံး လက်ဝယ်
မပိုင်ဆိုင်သေးသလို ဘာလုပ်ပိုင်ခွင့်မှ လည်း မရှိသေးဘူး။ ဒါကြောင့်
လုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ စစ်အစိုးရ လက်ထက် မြန်မာနိုင်ငံမှာ
ချိုးဖောက်ခံ နေရတဲ့ လူ့အခွင့်အရေးတွေနဲ့ တစ်ခြား ပြစ်မှုဆိုင်ရာ အချက်အလက်
အတိအကျတွေကို စနစ်တကျ စုစည်းပြီး သိမ်းဆည်းထားဖို့နဲ့ နိုင်ငံတကာကို
ထုတ်ဖော်ပြသဖို့ပဲ။ ဒီနေရာမှာ နိုင်ငံတကာ လို့ သုံးလိုက်လို့ မြန်မာ့
နိုင်ငံရေး အပြောင်းအလဲတွက် နိုင်ငံတကာကို အားကိုးဖို့ ပြောနေတာ မဟုတ်ဘူး။
ဒီ နိုင်ငံကို အုပ်ချုပ်နေတဲ့ လက်ရှိ အစိုးရရဲ့ နိုင်ငံတကာက ဥပဒေ
ကြေညာစာတမ်းတွေကို မလိုက်နာ၊ ချိုးဖောက်နေတာတွေကို သူတို့ကို သိအောင်
အသိပေးဖို့ အတွက်ပါ။ ပြီးတော့ အဲဒီ အချက်အလက် မှတ်တမ်းတွေဟာ တစ်နေ့ တချိန်
မြန်မာနိုင်ငံမှာ အစိုးရကောင်း တစ်ရပ် ပေါ်ပေါက်လာတဲ့ အခါ စစ်အစိုးရ လက်ထက်
ကျူးလွန်ခဲ့တဲ့ ပြစ်မှုဆိုင်ရာ သက်ဆိုင်သူတွေကို အရေး ယူသွားနိုင်ဖို့
အတွက် ဖြစ်ပါတယ်။ ကျူးလွန်သူရော၊ ကျူးလွန်ခံသူရော တစ်နေ့မှာ
အမှန်တရားတိုင်း ဖြစ်လာ မှာပါ။
လူ့အခွင့်အရေးဟူသော ဝေါ်ဟာရသည်
ယခင်ကမရှိခဲ့ပါ၊ ဒုတိယကမ္ဘာစစ်အပြီးကာလတွင် စတင်ပေါ်
ပေါက်လာခြင်းသာလျှင်ဖြစ်သည်။ သို့သော် ရှေ့ယခင်က လူ့အခွင့်အရေးဟု
မခေါ်ဝေါသော်လည်း လူ့အ ခွင့်အ ရေး၏ အနှစ်သာရများသည်
ရှေ့ယခင်ကပင်ရှိနှင်းပြီးဖြစ်သည်ကိုမှု ရှေ့ခောတ်ကာလက ပညာရှင်များ၏ အဆို
အမိန်းများ ဘာသာရေးအယူအဆတို့တွင်တွေ့ရှိနိုင်ပေသည်။
လူ့အခွင့်အရေး ပေါ်ပေါက်လာရခြင်းမှာ
ဒုတိယကမ္ဘာစစ်အတွင်းက လူသူများမြောက်များစွာသေကြေ ပျက်စီခဲ့ကြသည် အထူးသဖြင့်
လူမျိုးတုံးသတ်ဖြတ်မှုများကို ဂျာမနီနိုင်ငံရှိ ဟစ်တလာဦးဆောင်သော နာဇီ
ပါတီက ကျူးလွန်ခဲ့ကြပါသည်။ ထို့ကြောင်း ဒုတိယကမ္ဘာစစ်အပြီးကာလတွင်
အမေရိကန်သမတ္တကတော် အေလီနာရုစပေကဦးဆောင်ပြီး ၁၉၄၇ ခုနှစ်တွင်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှုကြမ်းကို ရေးဆွဲခဲ့ကြပါသည်။
ထိုကြေငြာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်
နိုင်ငံအများစု၏ထောက် ခံမှုဖြင့် အတည်ပြုခဲ့ကြသည်။ ကန့်ကွက်မဲလုံးဝမရှိ
ကြားနေမဲအဖြစ် ဆိုဗီယက်ဦးဆောင်သော အရှေ့ဥရောပ
နိုင်ငံတချို့သာရှိခဲ့ကြပါသည်။ ဤကြေငြာစာတမ်းသည် ကုလသမဂ
အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံလျှင် ၎င်းနိုင်ငံများသည်
အလိုလလျှေက်လိုက်နာပြီးသားဖြစ်သည်၊ သို့သော် ကုလသမဂ
အဖွဲ့ဝင်နိုင်ငံတချို့သည် ထိုကြေငြာစာတမ်းကို လိုက်နာခြင်းမရှိကြပေ။
သို့သော်လည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာ စာတမ်းသည်
စာချုပ်မဟုတ်သောကြောင်းစည်းနှောင်အားမရှိပေ။
ထို့ကြောင်း စည်းနှောင်းအားရှိသည့်
စာချူပ်နှစ်ခုထပ်မံပေါ်ပေါက်လာခဲ့သည် ထိုစာချုပ်နှစ်ခုမှာ နိုင်ငံသားနှင့်
နိုင်ငံရေးဆိုင်ရာအခွင့်အရေးစာချုပ်နှင့် စီးပွားရေး၊
လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး စာချုပ်တို့ဖြစ်သည်။
မြန်မာနိုင်ငံသည် အထက်ဖေါ်ပြပါစာချုပ်နှစ်ခုစလုံးတွင်
လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ မြန်မာနိုင်ငံကလက်မှတ်ရေးထိုထားသော
စာချုပ်များမှာ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်
ခွဲခြားဖိနှိပ်ထားမှုများ အားလုံးပပျောက်ရေးသဘောတူစာချုပ်၊
ကလေးအခွင့်အရေးစာချုပ်၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း
တို့ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသည်
အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုများ
အားလုံးပပျောက်ရေးသဘောတူစာချုပ်တွင် အဓိကအရေး အကြီးဆုံး စာချုပ်အပိုဒ် ( ၂၉
) ကိုမှုခြွင်းချက်ထားပြီး လက်မှတ်ရေးထိုထားသည်။ ကျန်လက်မှတ်ထိုးထားသော
သဘောတူစာချုပ်များ
တွင်လည်းလက်မှတ်ရေးထိုးထားသော်လည်းမည်သည့်ပြဌာန်ချက်များကိုမှလိုက်နာခြင်းမရှိပေး
ချိုးဖောက် လျှက်ရှိသည်ကို တွေ့ရသည်။ အပြည်ပြည်ဆိုင်ရာ
လူ့အခွင်ရေးကြေငြာစာတမ်းပါအချက်များတွင်လည်း တချက်ကိုမှလိုက်နာခြင်း
မရှိပေးလူသားတဦး၏ ရပိုင်ခွင့် အခွင့်အရေးမှန်သမျှကို ချိုးဖောက်ထားသည်ကို
တွေ့ရပါသည်။ မြန်မာနိုင်ငံသည် ( ILO ) တွင်လက်မှတ်ရေးထိုးထားသော်လည်
လုပ်အားပေးစေခိုင်မှုများ၊ အတင်းအားဓမ္မ စစ်သားစုဆောင်မှုများ၊
လယ်ယာမြေများကိုသိမ်းပိုက်ခြင်းနှင့် အထွေထွေချိုးဖောက်မှုများကို
ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ဒေသတွင်
လူ့အခွင့်အရေးချိုးဖောက်မှုများအနက် တခုကိုတင်ပြရလျှင် ၁၉၉၄ ခုနှစ်က
ကျွန်တော်တို့ဒေသကို ကုလားဆိုး အေလ်ကိုင်ဒါတာလီဘန်များ၏ အဆွေအပွားများသည်
ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတေင်မြို့နယ်များသို့
ဘင်္ဂလားဒေ့ရ်ုတောင်တန်းနယ်များမှ တဆင့်ဝင်ရောက်လာရာ ဒေသခံစစ်တပ်အချို့နှင့်
ရှေ့တန်းရောက်စစ်တပ်များသည်။ မေယုတောင်တန်းကြီးများကို ဖြတ်၍ဖောက်
လုပ်ထားသော ၁၆ မိုင်ရှည်လျှားသည့် လမ်းမကြီးတစ်လျှောက်ကို ရန်သူ
အေလ်ကိုင်ဒါတာလီဘန်များ မဖြတ်သန်းနိုင်ရန်အတွက်ဟုဆိုကာ ဒေသခံပြည်သူများကို
နေ့ရောညပါကင်းစောင့်ခိုင်ခဲ့သည်။ အဆိုးဆုံးမှာ ညဆိုလျှင်
ရန်သူလမ်းမကိုဖြတ်သန်းပါက မြင်နိုင်စေရန်အလိုငှာ တစ်ညလုံးမီးမွှေးထားကြရသည်။
သို့သော အများအကြာမီ၊ မိုးရာသီသို့ရောက်လေရာ
ကင်းစောင့်ဒေသခံပြည်သူများမှာများစွာ ဒုက္ခရောက် ကြရလေသည်၊ မီးမွှေးရန်
ထင်းမရှိခြင်း ထင်းခြောက်များမှာလည်း
ရေစိုနေသောကြောင့်မီးကောင်းစွာမစွဲခြင်းတို့ကြောင်း စစ်သားများ၏
ရိုက်နက်မှုများကို ခံခဲ့ကြရပါသည်။ အဆိုးဆုံးမှာ ရွာရှိမိသားစုဝင်များ
ထမင်းစားရန် ငွေမရှိခြင်း အိမ်ထောင်ရှင်အမျိုးသားများမှာလည်း
ဝင်ငွေမရှာနိုင်ခြင်း။ ဤသို့ ဒေသခံပြည်သူများမှာ သုံးလတိုင်တိုင်
အတိ့ဒုက္ခရောက်ခဲ့ကြရပါသည်။
Sae Hark Main
ShanStateDefenceArmy