ဦးနှောက်၏ လုပ်ဆောင်မှုအတွက် လိုအပ်သော စွမ်းအင်များ





ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အကောင်းဆုံး ပေးစွမ်းနိုင်မယ့် အာဟာရတွေ ရှိပါတယ်။  ဒီအာဟာရတွေကို ပြည့်ဝအောင် စားပေးမှသာ ဦးနှောက်ဟာ အကောင်းဆုံး လုပ်ငန်းဆောင်တာတွေကို လုပ်ပေးနိုင်မှာပါ။

၁။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေမယ့် အာဟာရတစ်ခုက ပျားရည် ဖြစ်ပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းတွေက ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်း အားတို့ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အာရုံစူးစိုက်မှုကောင်းကာ ဖိစီးမှုတွေ ကင်းနေပါလိမ့်မယ်။ နံနက်စာ စားပြီးချိန်မှာ ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်းခန့် စားပေးတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

၂။ ငါးနဲ့ ပင်လယ်စာတွေက ဦးနှောက်အတွက် အလွန်ကောင်းတဲ့ အာဟာရတွေ ဖြစ်ပါတယ်။ ဒီအစားအစာတွေထဲမှာ ပါတဲ့ အမိုင်နိုအက်စစ်ဟာ နိုးကြားစေတဲ့ ဟော်မုန်းတွေကို တက်ကြွအောင် ကူညီပေးနိုင်လို့ပါ။ ငါးဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်နိုင်တာကြောင့် တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် စားပေးသင့်ပါတယ်။

၃။ တရုတ်နံနံမှာပါတဲ့ မရှိမဖြစ်ဆီနဲ့ အင်ဆူလင်နဲ့တူတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို အလွန်ကောင်းမွန်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချနိုင်လို့ပါ။

၎။ ပဲပိစပ်မှာပါတဲ့ လက်ဆီသင်နဲ့ ဗီတာမင် B1 တို့က ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်မှုကို ကောင်းမွန်စေတာကြောင့် သတင်းအချက်အလက်တွေကို မြန်မြန် ရောက်ရှိစေပါတယ်။ နေ့စဉ် ပဲနို့တစ်ဖန်ခွက် သောက်ပေးနိုင်ပါတယ်။

၅။ ငှက်ပျောသီးဟာလည်း ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဆီရိုတိုနင်က အာရုံ စူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပြီး ပျော်ရွှင်မှုကိုပါ ဖြစ်ပေါ်စေပါတယ်။ တစ်နေ့ ငှက်ပျောသီးမှည့် တစ်လုံး၊ နှစ်လုံးလောက် စားပေးပါ။

၆။ ထောပတ်သီးမှာ ဗီတာမင် B6၊ သံဓာတ်နဲ့ ပိုတက်စီယမ်တို့ များစွာပါဝင်တာကြောင့် နာ့ဗ်ကြော ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ထောပတ်သီးတစ်လုံးရဲ့ တစ်ဝက်ခန့် စားပေးသင့်ပါတယ်။

၇။ ဇာတိပ္ဖိုလ်သီးမှာပါတဲ့ မရှိမဖြစ်ဆီဟာ စိတ်ခံစားမှုကို ကောင်းစေပြီး လန်းဆန်းတက်ကြွမှုကို ဖြစ်စေတဲ့အပြင် အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

၈။ ငရုတ်သီးမှာပါတဲ့ ဗီတာမင်စီနဲ့ တခြားဓာတ်တွေက ဦးနှောက်သွေးကြောတွေကို ကျယ်စေပါတယ်။ ငရုတ်သီးထဲက Capsaicin ဟာ အန်ဒေါ်ဖင်ဟော်မုန်းကို ထွက်ရှိစေပါတယ်။ အန်ဒေါ်ဖင်ဟော်မုန်းဟာ အကောင်းမြင်စိတ်ကို တိုးစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

၉။ ကြက်သွန်ဖြူဟာ ဦးနှောက်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ နေ့စဉ် အနည်းဆုံး ကြက်သွန်ဖြူ တစ်မွှာကို စားပေးမယ်ဆိုရင် ဦးနှောက်ဆဲလ်ထဲက အောက်ဆီဂျင် ရာခိုင်နှုန်းကို သိသိသာသာ တိုးစေပါတယ်။

၁၀။ နာနတ်သီးမှာပါတဲ့ ထရစ်ပတိုဖန် အမိုင်နိုအက်စစ်ဟာ စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို တိုးတက် ကောင်းမွန်စေပါတယ်။


Sae Hark 
Get From >>> Good Health
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts