ရန်ကုန်မှာ Dumpling လို့ခေါ်တဲ့
ဖက်ထုပ်ကြော်ဆိုရင် ဆီနဲ့ အကြွပ်ကြော်တာပါ။ ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်းက ရိုးရာဓလေ့အတိုင်း ဖက်ထုပ်ကို ဘယ်လိုကြော်လဲ၊
ကြွပ်ကြွပ်ကြီးမဟုတ်တဲ့ ဖက်ထုပ်လေးကို အိအိလေးစားရအောင် ခေါ်သွားပါရစေ။
ဒဂုံမြို့နယ်ထဲက
နဝဒေလမ်းနဲ့ ဗိုလ်ရာညွန့်ထောင့်မှာရှိတဲ့ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်က
ပိုင်ရှင် နန်းခမ်းလှကိုယ်တိုင် ဖက်ထုပ်အိအိလေးကြော်တဲ့ပုံစံ လုပ်ပြမှာပါ။
ကဲ … အရင်ဆုံး ဖက်ထုပ်ထဲမှာ ပါဝင်ရမယ့် ပစ္စည်းတွေနဲ့ ဖက်ထုပ်လုပ်ပုံကို
အရင်ကြည့်ကြမယ်နော်။
ကဲ
… ဖက်ထုပ်ရပြီဆိုရင် မာမာကြွပ်ကြွပ်ကြီးဖြစ်မနေအောင် ဘယ်လိုလုပ်လဲ။
ဒယ်အိုးထဲမှာ ဖက်ထုပ်တွေ လှလှလေး စီထည့်ပြီးရင်တော့
ကော်ရည်လေးလောင်းလိုက်ရပါမယ်။ ကော်ရည်ကြောင့် မာမာလေးဖြစ်သွားရင်တော့
ဆီနည်းနည်းထည့်လိုက်တော့ … အခုလို စားချင်စဖွယ်လေး မြင်ရပြီပေါ့။
ဆိုင်ဖွင့်တာ
၁၄နှစ်လောက်ရှိပြီးတော့ ဆိုင်မှာသုံးတဲ့ ပါဝင်ပစ္စည်းတွေကို
ကိုယ်တိုင်လုပ်တယ်လို့ နန်းခမ်းလှက ပြောပါတယ်။ နိုင်ငံခြားခရီးသွားတွေအများဆုံးအားပေးကြတဲ့ဒီဆိုင်လေးမှာ ဈေးနှုန်းတွေလည်း ဘယ်လိုရှိလဲ။
နားထောင်ကြည့်ပါဦး။
Sae Hark Maine
ShanStateDefenceArmy
>>> Thank you. Welcome to watch and visit again kha <<<