ဆောင်းဟေမန်မှာစွန်တန်ဟင်းရည်ပါ


မိုင်ဆွန်ခ  . . . .




မုန်ညင်းနှင့်ပြုလုပ်ထားတဲ့ စွန်တန်ဖတ်လေးတွေပါ
မင်္ဂလာပါရှင်…ဒီနေ့ ချစ်မိတ်ဆွေများအတွက် ဆောင်းရာသီမှာသာမက ဘယ်ရာသီရောက်ရောက် သောက်လို့ ကောင်းတဲ့ စွန်တန်ဟင်းရည်အကြောင်းကိုမျှဝေလိုက်ပါတယ်။ စွန်တန်ဟင်းရည်ဆိုတာ ကျမတို့ ရှမ်းရိုးရာ အစားအစာတွေထဲက ထင်ရှားတဲ့ဟင်းရည်လေးတစ်ခုဖြစ်ပါတယ်။ စွန်တန်ရဲ့ လုပ်နည်းကိုတော့ ကျမ မသိသေးပါဘူး။ လုပ်ရတာတော်တော်လေးလက်ဝင်တယ်လို့ တော့ ကြားဖူးပါတယ်။မုန်ညင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ချဉ်ချဉ်လေးနဲ့ ပါ။ ဟင်းရည်လုပ်သောက်မယ်ဆိုရင် တော်တော်သောက်လို့ ကောင်းတဲ့ဟင်းရည်လေးတစ်မျိုးပါ။ ကျမတို့  ရှမ်းပြည်ဘက်ခရီးသွားတဲ့အခါ ရှမ်းရိုးရာအစားအစာဆိုင်တွေမှာအမြဲတွေ့ နိုင်ပါတယ်။ လုပ်ရတာလွယ်ကူပြီး အချိန်ကုန် သက်သာစေတဲ့ ဟင်းရည်လေးပါ။ လုပ်နည်းအမျိုးမျိုးရှိပြီး ကျမသိတဲ့ နည်းလေးတွေကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။               ။


အာလူးစွန်တန်ဟင်းရည်
လိုအပ်တာလေးတွေကတော့
  • စွန်တန်ဖတ်လေးများ အနည်းငယ်
  • အာလူး ၁ လုံး (အခွံနွှာပြီး အတုံးလေးများတုံးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ငရုတ်သီးစိမ်း ၂ ထောင့်(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့်  အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ရေသန့် 
ပထမဦးစွာ အိုးတစ်လုံးတွင် ရေ ၊ အာလူး ၊ ကြက်သွန်ဖြူ တို့ ထည့်ပြီး အာလူးများနူးသည်အထိတည်ပါ။ အာလူးများနူးလျှင် စွန်တန်ဖတ်လေးများထည့်ပါ။ ပြီးမှ ဆား ၊ ဟင်းခတ်မှုန့် များထည့်ပါ။ အပေါ့အငံအနေတော်ဖြစ်လျှင် ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ အုပ်ပြီး အရသာရှိတဲ့ အာလူးစွန်တန်ဟင်းရည်ရပါပြီရှင်။




ပိန်းဥစွန်တန်ဟင်းရည်
လိုအပ်တာလေးတွေကတော့
  • စွန်တန်ဖတ်လေးများ အနည်းငယ်
  • ပိန်းဥ ၁ ဥ (အခွံနွှာပြီး အတုံးလေးများတုံးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ငရုတ်သီးဆီချက် အနည်းငယ်
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့်  အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ရေသန့်  
ပထမဦးစွာ အိုးတစ်လုံးတွင် ရေ ၊ ပိန်းဥ ၊ ကြက်သွန်ဖြူ တို့ ထည့်ပြီး ပိန်းဥများနူးသည်အထိတည်ပါ။ အာလူးများနူးလျှင် စွန်တန်ဖတ်လေးများထည့်ပါ။ ပြီးမှ ဆား ၊ ဟင်းခတ်မှုန့် များထည့်ပါ။ အပေါ့အငံအနေတော်ဖြစ်လျှင် ငရုတ်သီးဆီချက်နှင့် နံနံပင်တို့ အုပ်ပြီး အရသာရှိတဲ့ ပိန်းဥစွန်တန်ဟင်းရည်ရပါပြီရှင်။
(ဒီပုံမှာတော့ နံနံပင်နဲ့ ငရုတ်သီးဆီချက်ထည့်မထားလိုက်ရတာ ခွင့်လွတ်ပါရှင် )




ရိုးရိုးစွန်တန်ဟင်းရည်
လိုအပ်တာလေးတွေကတော့
  • စွန်တန်ဖတ်လေးများ အနည်းငယ်
  • ကြက်သွန်နီ တစ်ဝက်(ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ဂျင်းလက်တစ်ဆစ်(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ငရုတ်သီးစိမ်း ၂ ထောင့်(ဓါးပြာဖြင့်ရိုက်ထားပါ)
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့်  အနည်းငယ်
  • ကြက်သွန်မိတ်(သို့ )နံနံပင် အနည်းငယ်(၁ လက်မအရွယ်ခန့် လှီးထားပါ)
  • ရေသန့် 
လိုအပ်တာလေးများပြင်ဆင်နေစဉ် ရေနွေးတည်ထားပါ။ ပါဝင်သောအမယ်များကို ဟင်းရည်ပန်းကန်လုံး ၁ လုံးတွင်ထည့်ပြီး ပွက်ပွက်ဆူတဲ့ရေကိုလောင်းထည့်လိုက်ပါ။ သမအောင်မွှေပြီး ၁ မိနစ်ခန့် အုပ်ထားလျှင် အရသာရှိတဲ့ ရိုးရိုးစွန်တန်ဟင်းရည်လေးသုံးဆောင်နိုင်ပါပြီရှင်။


Sae Hark Main
Get From >>> SengLiKham
ShanStateDefenceArmy
Share:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts