Facebook New Privacy

From : Myanmar technician

Facebook ကသူ့ရဲ့ လူပြောအခံရဆုံး အချက်အလက် လုံခြုံမှု ကိစ္စတွေကို အပြောင်းအလဲတွေ လုပ်ပြီး ပြင်ဆင် နေပါ တယ်။ ဘယ် setting တွေကို ပြောင်းလဲ လိုက်သလဲ ဆိုတာ ကြည့်လိုက် ရအောင်။

Facebook ကသူ့ရဲ့ Privacy Settings တွေနဲ့ ပတ်သတ်ပြီး စောဒဂ တတ်တာတွေ အနဲဆုံး ဖြစ်အောင် ပြင်ဆင် တည်းဖြတ် နေရဦးမှာပါ။ ဒီနေ့ ကစပြီး အရင်ကထက် ရိုးရှင်းတဲ့ နည်းလမ်း သစ်တွေကို သုံးရ တော့မှာ ဖြစ်ပါတယ်။ ဘာတွေလဲ ဆိုတာ ကြည့်ရအောင်။

လွယ်ကူသော Shortcuts များ
အရင်ဦးဆုံး သင်သတိထား မိမှာတော့ လွယ်ကူမှုပဲ ဖြစ်ပါတယ်။ အခုဆိုရင်သင့် profile icon ညာဘက် အပေါ် ကိုနှိပ်ရုံဖြင့် main privacy မှာပါဝင်တဲ့
-who can see my stuff? (ဘယ်သူတွေက သင်တင်သမျှကို ကြည့်နိုင်မလဲ?)
-who can contact me? (ဘယ်သူတွေက သင့်ကို contact လုပ်နိုင်မလဲ?)
-how do I stop someone from bothering me? (တစုံတယောက် သင့်ကိုနှောင့်ယှက် နေတာကို ဘယ်လို ရပ်ရမလဲ?)
စသည်တို့ကို အလွယ်တကူပဲ access လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ အရင်က complaints အများဆုံး ဖြစ်ပြီး အခုလို shortcuts များရှိခြင်းဖြင့် တစ်ခု ခြင်းစီကို pertinent settings များပြောင်း ရုံဖြင့် ဖြေရှင်းနိုင်ပြီ ဖြစ်ပါတယ်။

Apps များကို သင်၏အချက်အလက်များ ကိုအသုံးပြုခွင့်ပေး/မပေးခြင်း
နောက်တစ်ခု ကတော့ app permissions ပါ။ Instagram လိုမျိုးကို သင့် facebook account ဖြင့်ချိတ်ဆက် ပြီးအသုံးပြုတဲ့ အခါ popup windows ဆိုတာ ပေါ်လာ တာကြောင့် စိတ်အနှောင့် အယှက် ဖြစ်ခြင်း အတွက်လဲ လွယ်ကူစွာ အသုံးပြု နိုင်အောင် ပြောင်းထား ပေးတာပါ။

ပို၍လွယ်ကူလာသော Timeline
ဓာတ်ပုံကို untagged လုပ်တာနဲ့ သင်၏ timeline မှတစ်ခုခုကို hide လုပ်တာနဲ့ မတူပါဘူး။ တော်တော် များများက timeline ကနေ hide လုပ်ပြီး ဓာတ်ပုံ (သို့) post တွေပျောက်သွား မယ်လို့ ထင်တတ် ကြပါတယ်။ အခုတော့ တစ်ခုခုကို သင်၏ timeline မှဖျောက်ချင်ရင် ဒီလို ရှုပ်ထွေးမှု တွေမရှိတော့ပဲ လွယ်ကူ သွားပါပြီ။

Search ကို hide မလုပ်နိုင်တော့ခြင်း
ဒါကတော့ privacy paranoid တွေအတွက်တော့ သတင်းဆိုးပါပဲ။ Facebook search ကို hide လုပ်လို့မရ တော့ပါဘူး။ Hide လုပ်တဲ့ option ကို facebook privacy မှဖယ်ထုတ် လိုက်ပါပြီ။ ဒီ့အတွက်တော့ သင်စိတ် အနှောင့်အယှက် ဖြစ်မှာပါ။ ဒါပေမယ့်လဲ တစ်ဖက်မှာတော့ facebook ဟာ social network ဖြစ်တာကြောင့် သင်လဲ facebook အသုံးပြုနေတဲ့ သန်းနဲ့ချီတဲ့ လူတွေထဲမှာ ပါဝင်နေ ခြင်းကို သေချာအောင် လုပ်ခြင်း ဖြစ်ပါတယ်။ သို့သော်လဲ ဒီပြောင်းလဲ မှုကြောင့် လူတိုင်းကတော့ သင်ရဲ့ ကိုယ်ရေး အချက်အလက် တွေကို အလွယ်တကူ access လုပ်နိုင်မှာ မဟုတ် တာကြောင့် သင့်ရဲ့ ကိုယ်ပိုင်ဘ၀ ကိုထိခိုက် နိုင်ခြင်း တော့မရှိနိုင်ပါဘူး။

Acitivity log
ဒါကတော့ တကယ့်ကို ကြီးမားတဲ့ ပြောင်းလဲမှုပါပဲ။ အရင်က သင်ရဲ့ Facebook မှာ display လုပ်ထားတဲ့ photos tagged, statuses, spotify songs စတဲ့ log တွေကို အခု အလွယ်တကူ ရှာနိုင်ပါပြီ။ ညာဘက် အခြမ်း မှာတော့ သင်ရဲ့ timeline မှာအရင်က အချိန်တိုင်း သင်တင်ခဲ့ သမျှတွေကို အလွယ်တကူ ပြန်ရှာနိုင် ပါပြီ။ ထို့အပြင် အရင်က သင့်ကို tagged လုပ်ခဲ့တဲ့ ဓာတ်ပုံတွေ ကိုလဲသင့် profile မှာမပေါ် ပေမယ့် သင်အလွယ်တကူ ပြန်ရှာနိုင် မှာပါ။ ဒီပုံစံ အသစ်က သင်မကြိုက်တဲ့ ဓာတ်ပုံတွေ (သို့) status updates တွေအားလုံး ကနေ တစ်ပြိုင်ထဲ untagged (သို့) delete လုပ်နိုင် တော့မှာပါ။

Where is it?
ဒီ priavcy interface အသစ်ကို မကြာခင် စသုံးနိုင် တော့မှာပါ။ နောက် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ သန်းချီရှိတဲ့ facebook အသုံးပြုသူတွေ ကြားကို ရောက်လာ တော့မှာပါ။ အများအား ဖြင့်တော့ ကောင်းတဲ့ ပြောင်းလဲမှု မျိုးပါပဲ။ ပြီးတော့ ဒီပြောင်းလဲမှုက ကိုယ့် setting မှာ who's allowed to see what ကိုအလွယ် တကူပင် ပြောင်းလဲ နိုင်တော့မှာ ဖြစ်ပါတယ်။


http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts