ရှမ်းပြည်နယ်ပြည်သူ့တော်လှန်ရေးနေ့ သမိုင်းအကျဉ်း

ရှမ်းပြည်နယ်၏ တော်လှန်ရေး ဖခင်
ထိုင်း၊ လာအို၊ တရုတ်နှင့် ဗမာတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်သည် သီးခြားလွတ်လပ် သော နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေခဲ့သည်။ သမိုင်းစဉ်တလျှောက်နီးပါးတွင် ရှမ်းပြည်သည် စဝ်ဖ ဟူခေါ်သော စော်ဘွားများက မိမိတို့နယ်ပယ်အလိုက် လွတ်လပ်စွာ အုပ်ချုပ်သော အုပ်စုတစုပင်ဖြစ် သည်။ ရှမ်းပြည်သည် အေဒီ ၈ ရာစုကတည်းက ပြည်ထောင်စုသဏ္ဍာန်ဖွဲ့စည်းထားသော အစိုးရ အောက်တွင် ရှိနေခဲ့သည်။

ဗြိတိသျှတို့က ၉ ရာစုတွင် အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသအား ကိုလိုနီပြုခဲ့ပြီးနောက် ရှမ်းပြည်ကံကြမ္မာသည်လည်း ပြောင်းလဲလာခဲ့သည်။ ၁၉ ရာစုအစောပိုင်း (၁၈၁၅)တွင် ဗြိတိသျှတို့က အိန္ဒိယကို သိမ်းပိုင်ခဲ့ပြီးနောက် ဆက်လက်သိမ်းပိုက်ရေးအစီအစဉ်အရ ရှမ်းပြည်ရှိ အာဟုမ် သည် လည်း ၁၈၁၈ ခုနှစ်ပတ်ဝန်ကျင်လောက်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ဗြိတိန်အိန္ဒိယ လက်အောက်ခံ အဖြစ် သွတ်သွင်းခံခဲ့ရသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှတို့အား စစ်ပွဲသုံးကြိမ် (၁၈၂၄၊ ၁၉၅၂၊ ၁၈၈၅) ရင်ဆိုင်ဆင်နွှဲခဲ့ရပြီးနောက် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ရှမ်းပြည်အတွင်းတွင်လည်း ကြီးစိုးမှုရလိုခြင်းကြောင့် အချင်းချင်း တိုက်ခိုက် နေသည့်အတွက် မငြိမ်မသက်ဖြစ်နေခဲ့ပြီး သီပေါစော်ဘွား နှင့် ညောင်ရွှေစော်ဘွားတို့၏ ဖိတ်ခေါ်မှုအရ ဗြိတိသျှတို့သည် အလွယ်တကူနှင့် သိမ်းပိုက်ခွင့်ရရှိခဲ့သည်။ ထို့နောက် ရှမ်းပြည်သည် ဗြိတိသျှအင်ပါယာ၏ ကာကွယ်စောင့်ရှောက်ခံပြည်နယ်တစ်ခုအဖြစ် ၁၈၈၆ ခုနှစ်တွင် ဖြစ်လာခဲ့သည်။ ထိုအတောအတွင်း အင်ဒိုချိုင်းနားဒေသဖြစ်သာ လာအို ဗီယက်နမ် ကမ္ဘောဒီးယားတို့ကို သိမ်းပိုက် ထားသည့် ပြင်သစ်နှင့် အပြိုင်ဖြစ်နေခဲ့သည်။ ဗြိတိသျှတို့က ရှမ်းပြည်အတွင်း ပျက်စီးမှုများကို ပြုလုပ်ခဲ့သည်။ ကိုလိုနီပြုသူ ဗြိတိသျှတို့နှင့် ပြင်သစ်တို့သည် ဒေသခံပြည်သူများနှင့် တိုင်ပင်မှုမပြုပဲ နယ်ခြားစည်းမျဉ်းများကို ၄င်းတို့ သဘောအတိုင်း ရေးဆွဲသတ်မှတ်ခဲ့သည်။ တချိန်တခါက ဆွေမျိုး သားချင်းများနှင့် လွတ်လပ်စွာသွားလာကြ ကုန်သွယ်မှုပြုကြသည့်သများသည် အတားအဆီးအကန့် အသတ်များကြုံခဲ့ရပြီး ဆွေမျိုးသားချင်းများ အကြား ခွဲထုတ်ခြင်းခံရသည်။

ဗြိတိသျှတို့က ဒုတိယကမ္ဘာစစ်ကာလအတွင်း ၄င်း၏ကိုလိုနီများအား ဂျပန်ကို အနိုင်ရရန်တိုက်ရေး အတွက် ၄င်းတိုအား ကူညီပံ့ပိုးပေးသူများအား စစ်ကြီးပြီးသားပါက လွတ်လပ်ရေးပေးမည်ဟု ပြောဆို ခဲ့သည်။ များစွာသောသူတို့သည် ထိုအခွင့်အရေးကို ရယူကာ ဗြိတိသျှတို့အား ကူညီခဲ့သည်။ စော်ဘွားများသည်လည်း ၄င်းတို့၏ပြည်သူများနှင့်အတူ စစ်ကြီးအတွင်း ဂျပန်ကိုတိုက်ရန် အင်္ဂလိပ်ကို အကူအညီပေးခဲ့သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် စစ်ကြီးပြီးသွားသောအခါ ရှမ်းပြည်သူပြည်သား များသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရန်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်တော့သည်။
စစ်ကြီးပြီးနောက်တစ်နှစ်ပင်မရှိသေးခင် ရှမ်းပြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသောနေရာမှ ပါဝင်လာခဲ့သည်။ စော်ဘွားများသည်လည်း ညီညွတ်သောတောင်တန်းသားများအမြင့်ဆုံးကောင်စီ SCOUHP ကိုဖွဲ့စည်းရန် စစ်ကြီးအပြီးအတွင်း အရိုက်အရာ ဆက်ခံသည့်စနစ်အား ဒီမိုကရက်တစ် စနစ်တို့ ပြောင်းလဲရန်အတွက် ရှမ်းပြည်ကောင်စီအား စော်ဘွား ၇ ဦးနှင့် ပြည်သူ့ကိုယ်စားလှယ် ၇ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
ရှမ်းပြည်လဲချားဒေသ ပင်လုံတွင် ညီလာခံတရပ်အား စော်ဘွားများ၏ကြီးကြပ်မှုအောက်တွင် ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ရှမ်းပြည်အား မြန်မာပြည်နှင့်အတူ လွတ်လပ်ရေးရယူမည် သို့မဟုတ် ရယူမည်မဟုတ်ဆိုသည့် ခိုင်မာသည့် ဆုံးဖြတ်ချက်အား ချမှတ်ခဲ့မြင်းမရှိပေ။ ရှမ်းပြည်သည် လွတ်လပ်ရေးနှင့် ပတ်သက်ပြီး ကိုယ်တိုင်ဆုံးဖြတ်မည်ဆိုသည့်အချက်ကို ဗြိတိသျှတို့က ရှင်းလင်းစွာ ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုအတောအတွင်း ဗမာတို့က ရှမ်းပြည်ကို ဆွဲဆောင်နားချမှုများကလည်း ပြင်းထန်လာခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဗြိတိသျှထံမှ လွတ်လပ်ရေး ရယူကာ ပြည်ထောင်စုတစ်ခု ကို ထူထောင်ရန် ရှမ်းစော်ဘွားများ၊ ကချင်နှင့် ချင်းခေါင်းဆောင်များသည် ဗမာကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူ စာချုပ်သည် နောင်အခါတွင် ပင်လုံစာချုပ်ဟု ထင်ရှားလာခဲ့ပြီး ပြည်ထောင်စုတစ်ခုကို ထူထောင်ရန် အတွက်သာမက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် မူဘောင်တစ်ခုဖြစ်လာခဲ့ သည်။ အဆိုပါ စာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရှမ်းတို့အား မိမိတို့သဘောဆန္ဒရှိပါက ၁၀ နှစ်ကြာလျှင် ပြည်ထောင်စုအတွင်းမှ ခွဲထွက်ပိုင်ခွင့်ရှိသည့်အခွင်းအရေးကို အာမခံထားသည်။ ထိုအချက်သည် ပြည်ထောင်စုအစိုးရအားလွှမ်းမိုးချုပ်ကိုင်ထားသော ဗမာနှင့် ရှမ်းပြည်ကိုသာမက ပြည်ထောင်စုအတွင်းရှိ အခြားတိုင်းရင်းသားလူမျိုးစုအားလုံးကိုပါ ကိုယ်စားပြုသည့် ရှမ်းတို့အကြား အာဏာချိန်ခွင်လျှာညှိရေးတွင် အလွန်အရေးပါသော အချက်ဖြစ်လာခဲ့သည်။

အဆိုပါသဘောတူညီချက်သည် ဗမာနှင့်ရှမ်းတို့ ကိုယ်ပိုင်အသိစိတ်ဖြင့်အတူတကွနေထိုင်ကြမယ် ဖြစ်သောကြောင့် ညီညွတ်သောပြည်ထောင်စုတစ်ခုကို ထူထောင်ရန်ဖြစ်နိုင်ပေသည်။ ရှမ်းပြည်သည်  မြန်မာပြည်၏ တစိတ်တပိုင်းအဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရခဲ့သည်။
စော်ဘွားများသည် အာဏာဆက်လက်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဗြိတိသျှတို့ ထွက်ခွာသွားပြီး နောက်ရှမ်းပြည်သည် အစိုးရတစ်ရပ်ရှိလာပြီး ကိုယ်ပိုင်လွှတ်တော်ရှိလာသည်။ ယခင်က ကတိရှိခဲ့သည့်အတိုင်း ပြည်ထောင်စုအစိုးရသည် ရှမ်းပြည်နယ်အတွင်း မည်သည့်စစ်တပ်ကို မျှချထားခြင်းမရှိခဲ့ပေ။ စစ်တပ်ကို ဗမာများကလွှမ်းမိုးထားပြီး ရှမ်းပြည်က ကြိုဆိုခဲ့သည်။
ရှမ်းပြည်ကိုသိမ်းပိုက်ရန်ကြိုးစားသည့်အနေဖြင့် KMT တပ်ဖွဲ့များ ရှမ်းပြည်အတွင်းကျူးကျော်တပ်စွဲ လာချိန်တွင် ဗမာအစိုးရသည် သူ၏တပ်ဖွဲ့များအား ရှမ်းပြည်သူပြည်သားများက ၄င်းတို့၏ အခွင့်အရေးအဖြစ်သောခွဲထွက်ပိုင်ခွင့်ကို အသုံးမချမီမှာ ရှမ်းပြည်တွင်းသို့ စေလွတ်ခဲ့သည်။ ဗမာအစိုးရက ရှမ်းပြည်သည် ၄င်းတို့အတွက် အန္တရယ်အရှိဆုံးသောပြည်နယ်ဖြစ်သည်ဆိုသည်ကို သိရှိထားပြီး ရှမ်းပြည်ကို ဖျက်ဆီးရန် ဗမာစစ်တပ်က ပစ်မှတ်ထားခဲ့သည်။

၁၉၅၆ ခုနှစ် စောစောပိုင်းတွင် ရှမ်းပြည်သူပြည်သားများသည် ဗမာအစိုးရအား ဒီမိုကရေစီစနစ် အောက်တွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန့်ကျင်တော်လှန်တော့သည်။ ရှမ်းပြည်သံဃာ့အဖွဲ့သည် ဘာသာရေး၊ ယှဉ်ကျေးမှုနှင့် သံဃာ့အဖွဲ့အစည်းများထူထောင်ခွင့် အခွင့်အရေးအတွက် ရည်မှန်းချက် ထားကာ တိုက်ပွဲဝင်ရန် ဖွဲ့စည်းထူထောင်ခဲ့သည်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာ ၂၇/၁၈ ရက်နေ့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်(MongYai) တွင် ရှမ်းစော်ဘွားများနှင့် ပြည်သူ့ကိုယ်စားလှယ်စုစု ပေါင်း ၁၅၀ သည် ညီလာခံတစ်ခုသို့ တက်တရောက်ခဲ့ကြသည်။ တက်ရောက်သူအားလုံးသည် ဖဆပလ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ရန် သဘောတူခဲ့ကြပြီး အောက်ဖော်ပြပါဆုံးဖြတ်ချက် များကို ချမှတ်ခဲ့သည်။

၁ - ရှမ်းပြည်အစည်းအရုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့်အစ္စရေးအစိုးရတို့ လက်မှတ်ရေး ထိုးခဲ့ကြည့် အစ္စရေးနိုင်ငံအား ရှမ်းပြည်နယ်အတွင်းရှိ မြေအကျယ် ဧကတသန်းအသုံးပြုခွင့်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။
၂ - ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူဘော်တွင်းရှိ ငွေသတ္တုတွင်းမှ အကျိုးအမြတ်တချို့အား ရရှိခံစားရမည်။
၃ - ရှမ်းပြည်သည် ဒုတိယကမ္ဘာစစ်အတွင်း ရှမ်းပြည်နယ်တွင်း ဆုံးရှုံးမှုများအတွက် ဂျပန်အစိုးရက ပေးသော စစ်လျော်ကြေးမှ ပမာဏတချို့ကို ရယူပိုင်ခွင့်ရှိသည်။
၎ - ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်ရေးကို တည်ဆောက်နိုင်ရေးအတွက် ရှမ်းပြည်အစိုးရ သည်  ၎င်းတို့ကိုယ်တိုင်အစီအစဉ်ကို စီစဉ်မည်ဖြစ်သည်။
၅ - ရှမ်းပြည်သူပြည်သားများနှင့် ခေါင်းဆောင်များပါဝင်သည့် ညီလာခံကို အမြန်ဆုံးခေါ်ယူကျင်းပ မည်။
၆ - ရှမ်းပြည်ဘတ်ဂျတ်ကို ပြည်ထောင်စုအစိုးရက ပေးရမည်ဖြစ်သည်။
၇ - ပြည်ထောင်စုအစိုးရသည် ရှမ်းပြည်တွင်းကောက်ခံရရှိသော အမြတ်ခွန်ကောက်ယူခြင်းကို ရပ်တန့်ရမည်။
၈ - ရှမ်းပြည်သူပြည်သားများသည် နိုင်ငံရေးပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများကို ဖွဲ့စည်းပိုင်ခွင့် ရှိရမည်။
၉ - သင့်တင့်လျောက်ပတ်သောအချိန်ရောက်သည်အထိ ရှမ်းပြည်သည် SCOUHP နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ယာယီအားဖြင့် ရပ်ဆိုင်းမည်။
၁၀ - ရှမ်းခေါင်းဆောင်များသည် ၎င်းတို့၏အုပ်ချုပ်ရေးအာဏာအား စွန့်လွှတ်ရန်မလိုအပ်ပေ။
၁၁ - ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်သည် ၁၀ နှစ်အကြာတွင် ပြည်ထောင်စုအတွင်းမှ ခွဲထွက် နိုင်သည်။
၁၂ - ရှမ်းပြည်သည် ဖဆပလနှင့်ပူးပေါင်းမည်မဟုတ်သည့်အပြင် အဖွဲ့ဝင်လည်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ညီလာခံဆုံးဖြတ်ချက်များ ကျခဲ့ပြီးနောက်  ရှမ်းပြည်သူပြည်သားများသည် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စုဝေးချီတက်ကာ ၎င်းတို့၏ အခွင်းအရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။
မိုင်းရယ် (MongYai) တွင် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ညီလာခံတွင် တက်ရောက်သောအဖွဲ့အားလုံးက မြန်မာအစိုးရသည် ရှမ်းပြည်အားသီးခြားလွတ်လပ် သောနိုင်ငံအဖြစ် ဖွဲ့စည်းထူထောင်ခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ဟု သတိပြုမိသည့်အတွက် ရှမ်းပြည်ကို ကာကွယ်ရန် စစ်တပ်ကို ထူထောင်ရန် သဘောတူခဲ့ကြသည်။ စောယန်တ Saw Yan Ta ဟု လူသိများသော စဝ်နွိုင် (Sao Noy) အား စစ်တပ်ထူထောင်ရေးအတွက် ခေါင်းဆောင်ရန် တာဝန်ပေးခဲ့သည်။ သူသည် Mong Wan တွင်မွေးဖွားပြီး ဗန်းမော်တွင်ကြီးပြင်းခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်းက စစ်ရေးအတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။
၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စဝ်နွိုင် သည်တပ်ဖွဲ့ဝင် ၃၀ ဦး လက်နက် ၃၀ လက်ဖြင့် ရှမ်းပြည်၏ ပထမဦးဆုံးစစ်တပ် Noom Serk Harn (နွံစစ်ဟန်) ကို ရိုးရာအစဉ်အလာအခမ်းအနားဖြင့် သွေးသောက်၍ သစ္စာဆိုကာ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် မိုင်းကျောက် ရှိ စမန်းတောင်ကြား တွင် ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် မိုင်းကျောက်ကျေးရွာအနီး ပွန်ကီယန်တွင် ဌာနချုပ်ကို ထူထောင်ခဲ့ကြသည်။ စဝ်နွိုင် ခေါင်းဆောင်သော နွံစစ်ဟန်တပ်ဖွဲ့နှင့် ဗမာစစ်တပ်အကြား ရှမ်းပြည် တဝှမ်းတွင် တိုက်ခိုက်မှုသတင်းများကြောင့် ဗမာအစိုးရ၏ဖိနှိပ်မှုအောက်တွင် နေထိုင်နေရသည့် ရှမ်းပြည်သူပြည်သားများသည်လည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာကို ဖွဲ့စည်း ထူထောင် လာခဲ့ကြသည်။ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်မှုသည် ရှမ်းပြည်နယ်တဝှမ်းသို့ တောမီးပမာ လျင်မြန်စွာပျံ့နှံ့သွားခဲ့တော့သည်။


တော်လှန်ရေးတပ်ဖွဲ့အုပ်စုများစွာရှိသော်လည်း အားလုံးသောမျိုးချစ်ရှမ်းများသည် စဝ်နွိုင်ထူထောင်ခဲ့ သည့် နွံစစ်ဟန် (Nom Serk Harn) စစ်တပ်ထူထောင်ခဲ့သည့် မေလ ၂၁ ရက်နေ့အား ရှမ်းပြည်သူပြည်သားများ တော်လှန်ရေးနေ့ (Shan State People Resistance Day) ဟု တညီတညွှတ်တည်း သတ်မှတ်ခဲ့ကြသည်။ ထိုနေ့အား ရှမ်းပြည်သူပြည်သားများက အထိမ်းအမှတ် တစ်ခုအဖြစ် ယနေ့တိုင် ကျင်းပနေခြင်းဖြစ်သည်။



Sae Hark Main
Shan State Defence Army  
Share:

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts