စစ်သူကြီးမဟာဗန္ဓုလ၏ဆရာသမား ဘယ်သူလဲ

 
 
မဟာဗန္ဓုလသည် အဘယ်ကြောင့် စစ်သေနင်္ဂဟဗျူဟာ ကျွမ်းကျင်နိုင်နင်းရသလဲ
မဟာဗန္ဓုလ၏ဆရာသည် မည်သူဖြစ်ပါသလဲ
အဘယ်ကြောင့် မဟာဗန္ဓုလသည် ဓနုဖြူတိုက်ပွဲ၌ ကျဆုံးခဲ့ရသလဲ…
မဟာဗန္ဓုလသည် ဘကြီးတော်ဘုရားလက်ထက်တွင် မြန်မာ့သမိုင်း၌ ထင်ရှားကျော်ကြားခဲ့သော မြန်မာ့စစ်ဗိုလ် ချုပ်ကြီးတစ်ဦးပင်တည်း။ တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိပြောင်မြောက်သည့်အတွက်ကြောင့် တစ်ဖက်ရန်သူ များ ကြောက်ရွံ့ရသော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးလည်း ဖြစ်၏။ သို့သော် မာန်မာန လွန်ကဲသွားသည့်အတွက် ကြောင့် အင်္ဂလိပ်တို့နှင့် တိုက်ခိုက်ရသော ဓနုဖြူတိုက်ပွဲတွင် အကာအကွယ် မယူဘဲ ကိုယ်ထင်ပြပြီး မလိုအပ် သော ရဲစွမ်းကို ပြမိသည့်အတွက် အင်္ဂလိပ်တို့၏ပစ်ခတ်လိုက်သော အမြှောက်ဆံ ထိမှန်ပြီး ကျဆုံးကွယ်လွန်ခဲ့ ရ၏။
အဘယ်ကြောင့် မဟာဗန္ဓုလသည် ရဲစွမ်းသတ္တိနှင့်တိုက်ရည်ခိုက်ရည် ထက်မြက်ထူးချွန်ရပါသလဲ။ အဖြေကား- မဟာဗန္ဓုလ၏စစ်သေနင်္ဂဟဗျူဟာနှင့်အထူးထူးသော ပညာရပ်များကို သင်ကြားပေးခဲ့ဆရာသမား၏အစွမ်း ကြောင့်ဟု ဆိုရပေချိမ့်မည်။ မဟာဗန္ဓုလ၏ဆရာသမားသည်ကား ရှမ်းလူမျိုးတစ်ဦးဖြစ်သူ ဦးတောင်ကြီး ဖြစ်ပေ ၏။ ဦးတောင်ကြီးဟူသောအမည်သညာသည် ဗမာလူမျိုးများမှ မှည့်ခေါ်ထားသဖြင့် တွင်လာရသည့်အမည်ပေ။ ရှမ်းဘာသာအနက်အားဖြင့် တောင်ပေါ်မှာနေထိုင်သည့်အတွက်ကြောင့် လုံးလွိုင်လုံ(တောင်ပေါ်သားကြီး)ဟု အမည်ရသော်လည်း ဗမာလူမျိုးများက အနက်အားဖြင့် ဦးတောင်ကြီးဟုခေါ်ဝေါ်ကြခြင်း ဖြစ်၏။ ဦးတောင်ကြီး ကို ၁၈၃၉ ခုနှစ်၊ ဇန်န၀ါရီလ(၅)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါနယ်၊ မြစ်ငယ်ခရိုင်၊ ပရုံးရွာတွင် မွေး ဖွားသန့်စင်ခဲ့၏။ အာယုသက်တမ်း အလွန်ရှည်သည့်ဦးတောင်ကြီးသည် (၁၂၆)နှစ်တိုင်အောင် နေထိုင်ပြီး ကွယ် လွန်သွားကာ ကျန်ရစ်သော ရုပ်ကလာပ်ကို ကရင်ပြည်နယ်၊ ဖာပွန်နယ်၊ ကမမွန်းရွာတွင် မီးသင်္ဂြိုဟ်ခဲ့၏။
မဟာဗန္ဓုလ၏စွမ်းရည်ထက်မြက်သည့်အကြောင်းရင်းမှာ ဦးတောင်ကြီးကြောင့် ဖြစ်၏။ ဦးတောင်ကြီးသည် မဟာဗန္ဓုလအား ကိုယ်ခံပညာ၊ သိုင်း၊ အခုန်အပျံ၊ ကိုယ်ပျောက်၊ အစွမ်းထက်ဆေးမှင်ကြောင် စသော အတတ် ပညာအမျိုးမျိုးကို သင်ကြားပေးခဲ့၏။ ထို့အတွက်ကြောင့် စစ်သူကြီးမဟာဗန္ဓုလသည် ဆရာသမားဖြစ်သူ ဦးတောင်ကြီး၏ကျေးဇူးကိုကား မမေ့ခဲ့ပေ။ သို့အတွက် စစ်ထွက်တိုက်တိုင်း ဆရာသမားထံမှ အကြံအဉာဏ် များကို ဦးထိပ်ရွက်ပန်ဆင်ပြီး လိုက်နာခဲ့၏။ သို့သော်လည်း ဓနုဖြူတိုက်ပွဲတွင်ကား ဆရာသမားဖြစ်သူဦးတောင် ကြီးထံမှ "ငါ့ကောင်ရေ…သူများရဲ့စစ်အင်အားကို မသိခင် ကိုယ့်ရဲ့အားကို မပြပါနဲ့" ဆုံးမစကားကို မနာယူ လိုက်မှုကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်၏။
ဆရာသမားဖြစ်သူ ဦးတောင်ကြီး၏စွမ်းရည်များ
ဦးတောင်ကြီးသည်ကား စကားပြောဖက်တွင် ရှမ်းစကား၊ မြန်မာစကား၊ ကရင်ဖြူစကား၊ မွန်စကား၊ ဂေါ်ရခါး စသော စကားများကို ပြောတတ်၏။ စာပေဖက်တွင်ကား ရှမ်း၊ မြန်မာ၊ ပါဠိ တတ်ကျွမ်း၏။ စွမ်းရည်တွင်ကား သေနတ်ပြီး၏၊ ဓားပြီး၏၊ လက်နက်ချွန်မျိုးစုံ ပြီး၏၊ မီး၊ ဆီမန်း၊ ရေမန်း၊ အခြားအမျိုးမျိုးနှင့်အချုပ်အနှောင်ဖြည်၊ ကိုယ်ပျောက် စသည်တို့၌ ကျွမ်းကျင်ပြီးစီး၏။ သိုင်းပညာတွင် တုတ်၊ လက်၊ ခြေ အမျိုးမျိုး ကျွမ်းကျင်၏။ ဂါထာ ပိုင်းတွင် ဥုံကို အမျိုးမျိုးသုံးစွဲနိုင်စွမ်း၏။

ရှမ်းဘာသာဖြင့်ရေးသားသော လွတ်လပ်သောရှမ်းပြည်သမိုင်းမှ ထုတ်နုတ်ချက်။
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts