လိမ္မော်သီးစားပြီး လိမ္မော်ခွံနဲ့ပေါင်းတင်မယ်...တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲပေါ့!

လိမ္မော်သီးမှာ ဗိုက်တာမင်အေ ၊ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်စီ တို့ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံးပါဝင်သလို အကျိုးအာနိသင်လဲရှိပါတယ်။ လိမ္မော်သီးကိုစားလျှင် အစာကြေခြင်း ၊ အသားရေစိုပြည်ခြင်းတို့အပြင်ကျန်းမာရေးနှင့်လဲ
ညီညွတ်စေပါတယ်။ လိမ္မော်ခွံကို ရှုလျှင်လည်း အမူးအမောပြေစေပါတယ်။ နောက်ထပ်လိမ္မော်ခွံရဲ့ အသုံးဝင်ပုံကတော့
မျက်နှာကိုဖြူဝင်းလှပစေပါတယ်။

လိုအပ်မည့်ပစ္စည်းများကတော့

၁။လိမ္မော်သီး (၂)လုံး
၂။ပန်းကန်လုံးအသေး (၁)လုံး
၃။အမှုန့်ကြိတ်စက် (၁)လုံး
၎။နို့စိမ်း (အနည်းငယ်)
၅။စနိုးတာဝါ (၁)ခု
၆။ရေနွေး (လိုသလောက်)
၇။လ္လက်ရည်ဇွန်း (၁)ချောင်း

အသုံးပြုနည်းအဆင့်ဆင့်ကတော့ -

(၁)လိမ္မော်ခွံကို နေပူထဲတွင် ခြောက်သွေ့သည်အထိ ထုတ်လှန်းထားပေးရပါမယ်။
(၂)ခြောက်သွေ့လာသော အခွံကို ကြိတ်စက်ထဲသို့ထည့်ပြီး အမှုန့်ဖြစ်သည်အထိကြေညက်အောင်ကြိတ်ပေးရပါမယ်။
(၃)ပန်းကန်လုံးထဲတွင် နို့စိမ်းအနည်းငယ်ထည့်ထားပေးပါ။
(၄)ထိုနို့စိမ်းထည့်ထားသော ပန်းကန်လုံးထဲသို့ လိမ္မော်ခွံအမှုန့်များကို မိမိလိုသလောက် ရောထည့်ပြီး လ္ဘက်ရည်ဇွန်းဖြင့် သမအောင်မွှေပေးပါ။
(၅)ရရှိလာသော လိမ္မော်အနှစ်ကို မျက်နှာပြင်တခုလုံးကို နှံ့အောင်လိမ်းပေးပါ။
(၆)လက်ချောင်းလေးများဖြင့် မျက်နှာပြင်အနှံ့ညင်သာစွာနှိပ်နယ်ပေးပါ။
(၇)၅မိနစ် (သို့) ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။
(၈)မျက်နှာတင်းရင်းလာပြီး လိမ္မော်နှစ်များခြောက်သွေ့လာပါက ရေနွေးဖြင့် စနိုးတာဝါကို အသုံးပြုကာ မျက်နှာကို စင်ကြယ်အောင်ပြုလုပ်ပါ။ ထိုအခါ ဖြူစင်ဝင်းမွတ်သော မျက်နှာပိုင်ရှင်ဖြစ်လာနိုင်ပါတယ်။
နေ့စဉ်ပြုလုပ်ပေးနိုင်ပါက အကျိုးအာနိသင်ပိုရှိနိုင်ပါတယ်။

ပျိုမေမောင်မယ်များအားလုံးဖြူစင်သောအလှအပများကိုပိုင်ဆိုင်နိုင်ကြပါစေ။

ꨅꨤꨯးလွတ်ꨳလꨰဝ်း / Sae Hark Maine
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts