ရှမ်းညီနောင် သုံးပါး

                                         ပုံအစစ်မပာုတ်ပါ။


အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊
ငါ့သားမြေးတို့သည် ရှေ့သို့အထင်အရှား ကောင်းစားရစ်လိမ့်မည်" ဟူ၍နိမိတ်ကိုဖတ်ပြီး သားသုံးယောက်ကို နရသီဟပတေ့မင်းကြီးအား ဆက်သလေ၏။နရသီဟပတေ့မင်းကြီးသည်လည်း ထိုသူတို့၏ အသွင်အပြင်ကို မြင်တော်မူသည်ဖြစ်၍ အပါးတော်တွင်ခစားစေ၏။ ထိုသုံးယောက်တို့သည် နရသီဟပတေ့မင်း ပေးအပ်သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သဖြင့် ဆုလာဘ်တော်နှင့်တကွ ကျေးရွာပေးတော်မူ၏။ နရသီဟပတေ့မင်းကြီး မရှိ၍သားတော်ကျော်စွာမင်း လက်ထက်တွင်လည်း အမှုတော်ကို ထမ်းသည်။ အောင်မြင်မှုများ၍ ကျေနပ်အားရတော်မူသောကြောင့် အစ်ကိုအကြီးကို ရာဇသင်္ကြန်ဟူသော အမည်ဖြင့် မြင်ဆိုင်းမြို့ကို ပေးတော်မူ၏။ ညီအလတ်ကိုလည်း အသင်္ခရာ ဟူသောအမည်ဖြင့် မက္ခရာမြို့ကိုပေးတော်မူ၏။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ (ပင်လယ်ဘူး) ကိုပေးတော်မူ၏။

AD- ၁၂၈၇ ခုနှစ်တွင် မွန်ဂိုတပ်များ ပုဂံသို့ လာရောက် တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းသည် ပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သားတော် သီဟသူက ခမည်းတော်ကို အဆိပ်ခတ်၍ လုပ်ကြံသဖြင့် နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်း နတ်ရွာစံလေသည်။ သီဟသူသည်လည်း ပဲခူးစား ငပမွန်ငယ်ကို လေးနှင်ပစ်ရာ မိမိမြှားဖြင့် မိမိကိုယ်ကိုထိ၍ နတ်ရွာစံလေသည်။ ထို့နောက် နရသီဟပတေ့မင်း၏ သားတော်အငယ် ကျော်စွာမင်းသည် ၁၂၈၉ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းမြန်းအုပ်စိုးသည်။

ကျော်စွာမင်း မင်းဖြစ်တော်မူလာပြီးနောက် မိဖုရားဖွားစောကို တိုင်ပင်ခြင်းမရှိသဖြင့် မင်း (၃) ဆက်တိုင်အောင် မိဖုရားဖြစ်ခဲသော မိဖုရားဖွားစောသည် ကျော်စွာမင်းအပေါ် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိဖုရားစောသည် ရှမ်းညီနောင်သုံးဦးကို တိုင်ပင်၍ ကျော်စွာမင်းကို နန်းချရန်စီစဉ်လေသည်။

ရှမ်းညီနောင်သုံးဦးတို့သည် အစတွင် ပုဂံ၏ကျေးဇူးသစ္စာကို ခံယူဟန်ဆောင်ခဲ့ကြသည်။ မွန်ဂိုတို့ကို ကြောက်ရွံ့၍လည်း ပုန်ကန်သူများအဖြစ် မခံယူလိုပေ။ သို့ရာတွင် သီဟသူသည် အေဒီ ၁၂၉၅ ခုနှစ်တွင် ဧကရာဇ် အဖြစ်ကြေညာသည်။ ကျော်စွာမင်းသည် မွန်ဂိုတို့နှင့် အဆက်အသွယ်ရှိနေရကား ရာဇသင်္ကြန်နှင့် သီဟသူတို့တို့သည် တကောင်းတွင်ရှိသော မွန်ဂိုတို့ကို တိုက်ခိုက်သည်။ ထို့နောက် ပုဂံကိုတိုက်ခိုက်၍ AD ၁၂၉၈ တွင် ကျော်စွာမင်းကိုနန်းချကြသည်။ မိဖုရားစောနှင့်တိုင်ပင်၍ ကျော်စွာမင်းကို သားနှင့်တကွ မြင်စိုင်းသို့ပင့်ဆောင်၍ သင်္ကန်းဝတ်စေပြီး မြင်စိုင်း၌ အစောင့်အရှောက်နှင့်တကွ ထား၏။ ဤအတွင်း ကျောင်ဆည်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် သီရိရာဇာ အမည်ဖြင့် ဗမာဘုရင်တစ်ပါးပေါ်ပေါက်၍ ရှမ်းတို့ကိုတိုက်ခိုက်သည်။ ရှမ်းတို့သည် ပပိုင်ဆီပူ (ဇင်းမယ်)မှ စစ်ကူတောင်းကာ စားရေရိက္ခာကြွယ်ဝလှသော မြစ်သာဆယ်တစ်ခရိုင်လုံးကိုသိမ်းပိုက်ကြသည်။ ၁၂၉၉ ခုနှစ်တွင် ရှမ်းတို့သည် စောနစ်မင်းကိုပုဂံ၌ နန်းတင်၍ ရုပ်သေးရုပ်အဖြစ်ထားကာ မွန်ဂိုတို့ကို တစ်ဘက်တွင် လှည့်ဖြား၍ ပိရိစွာလိမ်လည် ထားကြသည်။

အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များ မင်းရိုးကို နန်းတင်ရန်အတွက် မြင်စိုင်းသို့ ရောက်လာကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ထိုအကြောင်းကို ကြားသိသဖြင့် နန်းကျကျော်စွာကို သတ်ပြီး မင်းရိုးမရှိပြီ ဟုပြောကာ ကျော်စွာမင်း၏ ခေါင်းကို မွန်ဂိုတို့အားပြလေ၏။ မွန်ဂိုစစ်သူကြီးတို့လဲ "မင်းရိုးမရှိလျှင် ငါတို့ပြန်မည်။ လက်ဆောင်ပဏ္ဏာကရသာ ပေးတော့" ဟုဆိုလာသဖြင့် ရှမ်းညီနောင်သုံးပါးတို့သည်လည်း လက်ဆောင်ပဏ္ဏာ၊ လက်နက်များစွာစီရင်၍ ပို့လေသည်။ မွန်ဂိုတို့သည် မိမိတို့၏စစ်သည်အင်အားကို ပြလို၍ အလျားတာ (၇၀၀၀)၊ အနံ (၂) တာ၊ စောက် (၂) တာရှိသည့် နယ်ခြားမြောင်းကို နေဝင်ပြီးမှ စတင်တူးဖော်ရာ နေမထွက်ခင် တူးပြီးသည်ဟုဆိုသည်။ တူးရွင်းသွားထိုးမိ၍ ပြတ်လေသော လက်ဖျားခြေဖျားတို့ကို ကောက်ယူစုပုံထားသဖြင့် ဆယ်တင်းဝင်ပုတ်နှင့် ပြည့်သည်ဟူ၏။ ထိုမွန်ဂိုတပ်များထဲတွင် တရုတ်စစ်သည်တော်များ၊ မောရှမ်းစစ်သည်တော်များ၊ မိုးမိတ်၊ မိုးကောင်း စစ်သည်တော်များ၊ ရှဲန်ဆည်စစ်သည်တော်များ ပါဝင်လာကြသဖြင့် မြောင်းကိုဦးဆောင်တူးသူမှာ မိုးမိတ်စောဘွား ခွန်ယီကွဲခမ်းနှင့် ရှဲန်ဆည်မှ တောဝ့်နွဲ့ချယ် တို့ဖြစ်သည်။ မွန်ဂိုတို့သည်လည်း ကျော်စွာမင်း၏ ဦးခေါင်းကိုယူ၍ပြန်လေသည်။

(မြန်မာ့စွယ်စုံကျမ်းတွင်မူ အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များသည် ရှမ်းညီနောင်တို့၏ မြိုတော်ဖြစ်သော မြင်စိုင်းမြိုကို ချီတက်တိုက်ခိုက်ကြသည်။ မိမိတို့ထံ ထွက်ပြေးလာသော (နန်းကျကျော်စွာ၏သား) ရဟန်းတော် ကုမာရကဿပ ကိုလည်း နန်းတင်ရန် တစ်ပါတည်းခေါ်လာကြသည်။ မြင်စိုင်းကို ရံ၍တိုက်ရာ အောင်လုနီးပါးတွင် ရှမ်းညီနောင်တို့၏ ပရိယာယ်ကြောင့် အလံကိုဖြုတ်ပြီးလျှင် မွန်ဂိုတပ်များ ဆုတ်ခွါသွားကြလေသည်။ တက်တော်မူမင်းကြီး အမည်ခံယူသော ကုမာရကဿပသည်လည်း မွန်ဂိုတပ်များနှင့် ပြန်လည်လိုက်ပါသွားရလေသည်။)

အေဒီ ၁၃၁၂ ခုနှစ်တွင် သီဟသူသည် မြစ်ငယ်မြစ်နှင့် ပေါင်းလောင်းမြစ်ဆုံရာတွင် ပင်းယမြို့ကိုတည်ထောင်စိုးစံတော်မူလေသည်။ ပင်းယမြို့ကိုတည်ထောင်၍ (၆) နှစ်ရှိသောအခါ သားတော်ဥဇနာကို အိမ်ရှေ့အရာ ပေးတော်မူ၏။ သားတော်အလတ်ကျော်စွာအား ပင်လယ်ဘူးမြို့ကို ပေးတော်မူ၏။ သားတော်အငယ် နော်ရထာကို ရှစ်ရှားမြို့ကိုပေးတော်မူ၏။ တရံရောအခါတောင်ငူစား သဝန်ငယ်သည် ဆက်ကပ်မြဲ မဆက်သောကြောင့် သားတော်အိမ်ရှေ့ဥပစာနှင့် သားတော် အလတ်ကျော်စွာကို အလုံးအရင်း ဆင်မြင်းများနှင့်ချီရလေ၏။ တောင်ငူသဝန်ငယ်သည် မထောင်သာဝန့်သဖြင့် သစ္စာတော်ခံပြီး လက်ဆောင်ပဏ္ဏာများ ဆက်သခဲ့ရသည်။ ညီနောင်သုံးပါးသည် (၁၂) နှစ်တိုင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဘူး တို့၌ တိုင်းပြည်ကို အပြိုင်အုပ်စိုးခဲ့ကြသည်။ နန်းသက် (၁၂) နှစ်ရှိသောအခါ အေဒီ ၁၃၁၅ ခုတွင် ညီတော်သီဟသူသည် နောင်တော် အသင်္ခရာအား ဆေးဖြင့်လုပ်ကြံသဖြင့် နောင်တော် အသင်္ခရာနတ်ရွာစံလေသည်။ အေဒီ ၁၃၂၇ တွင် ရာဇသင်္ကြန်သည် မကျန်းမာ၍ နတ်ရွာစံလေသည်။

တစ်စီးရှင်သီဟသူသည် အိမ်နိမ့် (၃၃)၊ စည်းစိမ် (၂၂)၊ သက်တော် (၅၅) နှစ်တွင်နတ်ရွာစံလေသည်။ ထို့နောက် သားတော်ဥဇနာသည် ခမည်းတော်၏ ထီးနန်းကို ဆက်ခံလေသည်။ ဥဇနာမင်းသည် အိမ်နိမ့် (၂၂)၊ စည်းစိမ် (၂၀)၊ သက်တော် (၄၂)နှစ်တွင် ညီတော်ကျော်စွာအား ထီးနန်းလွှဲအပ်တော်မူလေသည်။ ကျော်စွာမင်းသည် အိမ်နိမ့် (၃၆)၊ စည်းစိမ် (၉)၊ သက်တော် (၄၅)နှစ်တွင် နတ်ရွာစံလေသည်။ ယင်းနောက် သားတော်ကျော်စွာသည် (၁၀) နှစ်မင်းဖြစ်တော်မူ၏။ ၄င်းနောက် အေဒီ (၁၃၆၃) ခုတွင် ကျော်စွာ၏ညီတော် နရသူသည် (၃) နှစ်မင်းဖြစ်ခဲပြီး မောရှမ်းတို့ကဖမ်းဆီးသွားသောကြောင့် "မောပါနရသူ" ဟူ၍ အမည်တွင်လေသည်။

အေဒီ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏သားတော်ငယ် အသင်္ခရာစောယွန်း (မြောက်နန်းမိဖုရား၏သားတော်) သည် စစ်ကိုင်းမြို့ကိုတည်တော်မူသည်။ (စစ်ကိုင်းကို ရှမ်းဘာသာဖြင့် "စေကျိုင်း" ဟုခေါ်သည်။ "စေ" သည် "ဒေသ" ဖြစ်၍၊ "ကျိုင်း" သည် "မန်ကျည်းပင်" ဖြစ်သည်။ ထို့ကြောင့် "စေကျိုင်း" ဆိုသည်မှာ မန်ကျည်းပင် ပေါသောဒေသ" ဟုအဓိပ္ပာယ်ရသည်။) အေဒီ ၁၃၆၃ ခုနှစ် ကဆုန်လတွင် နရသူ၏ ဖိတ်ခေါ်ချက်အရ မောရှမ်းတို့သည် စစ်ကိုင်းကို တိုက်ခိုက်၍ ထိုနှစ် နယုန်လတွင် ပင်းယကို တိုက်ခိုက်လေသဖြင့် စစ်ကိုင်းနှင့်ပင်းယ နှစ်မြို့လုံးပျက်ရသည်။ မောရှမ်းတို့သည် ပင်းယမြို့ကိုနိုင်ပြီး နရသူနှင့်တကွ ဆင်ဖြူ (၃) စီးကိုယူကာ ပြန်လေလျှင် နရသူ၏နောင်တော် ဥဇနာပျောင်ကို အမှူးအမတ်အပေါင်း ညှိ၍ စောဥမ္မာနှင့်စုံဖက်၍
နန်းတင်ကြသည်။ ဥဇနာပျောင်နန်းတက်၍ သုံးလရှိသောအခါ သတိုးမင်းဖျားသည် ကြခတ်ဝမှလာ၍ ဥဇနာပျောင်ကို လုပ်ကြံပြီးသော် စောဥမ္မာကို မိဖုရားမြှောက်၍ ပင်းယကို မင်းပြုတော်မူ၏။ အင်းဝသည် မင်းဆက် (၆) ဆက်၊ မင်းသက် (၅၂) နှစ် ရှိခဲ့ပြီး စစ်ကိုင်းသည် မင်းဆက် (၇) ဆက်၊ မင်းသက် (၃၉) နှစ်ရှိခဲ့သည်။

အင်းဝမင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈-၁၄၀၁) နှင့် ယင်း၏သားတော် မင်းခေါင် (အေဒီ ၁၄၀၁-၁၄၂၁) တို့လက်ထက်တွင် အင်းဝနှင့် ဟံသာဝတီတို့ နှစ်ပေါင်း (၄၀) ကာလကြာစစ်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူက မည်သူ့ကိုနိုင်အောင် မတိုက်နိုင်ခဲ့ပေ။ ထိုခေတ်ဟံသာဝတီ မင်းကား ရာဇာဓိရာဇ်မင်းဖြစ်ပေသည်။ အေဒီ၁၄၁၇ ခုနှစ်တွင် ၄င်းတို့စစ်ပွဲများ ရပ်တန့်ခဲ့လေသည်။ အင်းဝနှင့် ဟံသာဝတီတို့စစ်ဖြစ်နေသောအချိန်တွင် ဗမာလူမျိုးတို့သည် တောင်ငူတွင် စိုးစံခဲ့ပြီး ဗမာနိုင်ငံတော်ကို ထူထောင်နိုင်ရန်အတွက် အင်အားစုဆောင်းသော
အချိန်ဖြစ်သည်။

ꨅꨤꨯးလွတ်ꨳလꨰဝ်း / Sae Hark Maine
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

INTRODUCE OF MY SECOND BOOK

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts