တိုင်းရင်းသားများ မဖြစ်မနေဖတ်ပါ ဗမာ့ရာဇ၀င်ထဲကဖြစ်ရပ်မှန်လေးပေါ့

ရာဇ၀င်နဲ့ သမိုင်းနဲ့ မတူပါဘူး။ ရာဇ၀င်ဆိုတာကျဉ်းမြောင်းပြီး မင်းစိုးရာဇာနဲ့ အသိုင်းအ၀ိုင်းအကြောင်းမျှသာဖေါ်ပြထားလို့ ပါပဲ။ သမိုင်းဆိုတာ ကျယ်ပြန့် ပါတယ်။ဗမာပြည်/ဗမာလူမျိုးရဲ့သမိုင်းဆိုတာ ယဉ်ကျေးတာထက် ရိုင်းတာတွေကများခဲ့လို့  သမိုင်းမှာ အမှန်အတိုင်းမှတ်တမ်းတင် မော်ကွန်းရေးထိုးဖို့ မရဲခဲ့ကြပါဘူး သမိုင်းတုသမိုင်းလိမ်များသာ ရေးသားထုတ်ဝေဖြန့် ချိခွင့်ရကြလို့ သမိုင်းတုသမိုင်းယောင် တွေကိုသာ ဖတ်ခွင့်ရတဲ့ မျိုးဆက်သစ် လူငယ်မောင်မယ်တို့ ကို အမှန်အတိုင်းရေးသားတင်ပြသွားပါ့မယ်။ ပုံပြင်လေးက ဒီလိုကွဲ့ ..........ဟိုးရှေးရှေးတုန်းပေါ့လို့ ဆိုပြီးတော့အစချီပြီးမပြောချင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ ပုံပြင်မဟုတ်ခဲ့လို့ ပါပဲ။
ဗမာလူမျိုးရဲ့မူလဇာတိရုပ်က အကျင့်နဲနဲကလေးမှ ကောင်းခဲ့တာမဟုတ်ပါဘူး။ အုပ်ချုပ်ခံဗမာတွေ မဆိုထားနဲ့ အုပ်ချုပ်ခံဗမာတွေက တော်ဝင်မိသားစုလို့ သတ်မှတ်ထားတဲ့ ဗမာမင်း/ဗမာဘုရင်တွေဆို ပိုပြီးတော့ အကျင့်ဆိုး အကြံဆိုးပါတယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ့်မထင်ပါ။မျောက်ပြဆန်တောင်းတဲ့ ဗမာ ဘုရင်တွေရဲ့စရိုက်ဆိုးကို ချုပ်ငြိမ်းအောင်လုပ်ခဲ့တဲ့ အင်္ဂလိပ်တွေကိုပဲ ကျေးဇူးတင်ရမလိုပါပဲ။
ဗမာဘုရင်တွေထဲမှာ မိန်းမအများဆုံးယူခဲ့တဲ့ မင်းတုန်းမင်း ( ငါးခြောက်သူခိုးမောင်လွင်)ဆိုတဲ့အကောင်ဟာ တရားဝင်မယား (၅၇) ကောင်ရှိပါတယ်။ အမြှောင်မယားက (၂၀၀) ကျော်ပါတယ်။ ဒီကြားထဲမှာ မောင်းမ မိသံဆိုတဲ့ ဟာတွေကလည်း ရာကျော်ပါပဲ။
မယားတွေများစွာယူပြီး သားသမီးတွေ များစွာမွေးထားတော့ အချိန်တန်လို့  မသာပေါ် သေခါနီးတော့ ဘယ်သူ့ ကို ထီးနန်းအရိပ်အရာ (ခွေးထိုင်ခုံ) ရာထူးပေးရင်ကောင်းမလဲဆိုပြီး ကိုယ်တိုင်တောင် ဝေခွဲဆုံးဖြတ်မတတ်ခဲ့သူပါပဲ။
မွေးထားသူက သားသမီးကို မမှတ်မိတော့ သားသမီးတွေကလည်း မောင်နှမ တော်စပ်မှန်းကို မသိကြတာကမှားတယ် ။
အဖေတူအမေကွဲ ခွေးမျိုးတွေ ခွေးကျင့်ခွေးကြံအတိုင် ခွေးဇာတ်ခင်းကြတော့ နောက်ဆုံးခွေးကလေးတွေပဲ ပေါက်ပွားလာတဲ့သဘောပေါ့
အဲ့ဒီအထဲမှာ သီပေါဆိုတဲ့ ချာတိတ် ဘုန်းကြီးကျောင်းထွက်နဲ့  အောကားထဲက မင်းသမီးနဲ့ ခပ်ဆင်ဆင်တူတဲ့ စုဖုရားလတ် ဆိုတာက နာမည်ကြီးပေါ့။
စုဖုရားလတ်ရဲ့အမေ မိဖယားကြီးဆိုတဲ့ ရှင်ဖြူမရှင် ဆိုတဲ့ကောင်မက ဘုန်းကြီးကျောင်းထွက် သီပေါဆိုတဲ့အကောင်ကို သူ့ သမီးအကြီး စုဖုရားကြီး ဆိုတဲ့ ကောင်မနဲ့  သဘောတူထားပြီးသား မင်္ဂလာဆောင်တဲ့နေ့  နဲ့ မင်္ဂလာအချိန်အရောက်မှာ သူတို့ သမီး နေရာမှာ သမီးအလတ်မ ဖြစ်တဲ့ စုဖုရားလတ်က အတင်းအဓမ္မ၀င်ထိုင်လိုက်ပြီးတော့ မိဖုရားအရာကိုလုယူခဲ့ပါတော့တယ် ။
အဲ့ဒါဇာတ်လမ်းအစ ပါပဲ။
ဗမာဘုရင်တွေ လိမ်ညာလှည့်ဖြား ပြီး ဒမြတိုက်သိမ်းသလို သိမ်းယူပြီးထူထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ တတိယ မြန်မာနိုင်ငံဆိုတာ ကြမ္မာတစ်ပါတ်လည်တော့ အလိမ်အညာနဲ့  ဓါးမြတိုက်ကျွမ်းကျင်တဲ့အင်္ဂလိပ်တွေနဲ့ တွေတော့ ၀ဋ်လည်ပြီး ပျက်ဆီးသွားတဲ့သဘောပါပဲ။မတန်မရာ နဲ့  အာဏာကိုရယူထားတော့ ကျန်တဲ့ မယားကြီးတွေက မွေးထားတဲ့ သားကြီးသမီးကြီးတွေလည်းရှိပါသေးတယ်။ အာဏာကိုလုထားသိမ်းထားသလိုဖြစ်နေတော့ လိပ်ပြာမသန့်တဲ့ သီပေါနဲ့  အုပ်စုဟာ ကျန်တဲ့ အဖေ တူ အမေကွဲ ညီအစ်ကို အယောက်(၄၀) ကျော်ကို တစ်ချိန်တည်း/တပြိုင်တည်း/တစ်နေရာတည်းမှာအစည်းအဝေးလုပ်မယ်ဆိုပြီးတော့ လိမ်ညာခေါ်ယူပြီးဖမ်းဆီးခဲ့ပါတယ်။  ဖမ်းဆည်းထားတဲ့ညီအစ်ကိုတော်စပ်သူတွေကို သတ်ပစ်ဖို့ အာဏာပါးကွက်သားတွေကို သတ်မိန့် ပေးထားပြီးတော့ သတ်မယ့်နေ့  မတိုင်ခင် တစ်ပါတ်နဲ့  သတ်ပစ်ပြီးနောက်ပိုင်းအထိ နန်းတော် အရှေ့မှာ ဇာတ်ပွဲ/အငြိမ့်တွေနဲ့  စည်ကားပျော်ပါး ဆူညံအောင်လုပ်ထားပြီးမှ နန်းတော်ထဲမှာတော့ လူသတ်ပွဲ ကြီးကျင်းပနေပါတယ်။ ဒီနေ့ အထိလည်း ဗမာတွေလုပ်နေဆဲပါ ပြည်သူတွေကို လှည့်စားပြီး နန်တော်ထဲမှာ လူသတ်ခဲ့တဲ့ ဇာတ်လမ်းကို ပြည်သူတွေ မသိရှိခဲ့ရရှာပါဘူး။ လူသတ်ပွဲမှ အသတ်ခံရသူတွေထဲမှာ ကံကောင်းလို့  ထွက်ပြေးလွှတ်မြောက်လာတဲ့ (၂) ယောက်က အင်္ဂလိပ်တွေရှိတဲ့ (ရန်ကုန်)အောက်မြန်မာနိုင်ငံကို ထွက်ပြေးခိုလုံ သွားနိုင်ခဲ့လို့  အင်္ဂလိပ်တွေက ဗမာပြည်ကို သိမ်းပိုက်ဖို့ အကြောင်းရှာတွေ့ သွားတော့တာပါပဲ ။ အခုခေတ်စကားနဲ့ ပြောရမယ်ဆိုရင် “ အစုလိုက်အပြုံလိုက်လူသတ်မှု”
“လူ့ အခွင့်အရေး ချိုးဖောက်မှု” ကြီးပေါ့ ။ အဲ့ဒါကြောင့်လည်း အင်္ဂလိပ်တွေရေးတဲ့ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ ဘယ်လိုရေးထားခဲ့သလဲဆိုတော့ “ ဗမာတွေဟာ အရိုင်းအစိုင်းတွေဖြစ်တယ်။မယဉ်ကျေးသူတွေဖြစ်တယ်။တိုင်းပြည်ကို မအုပ်ချုပ်တတ်သူတွေဖြစ်တယ်။
ဒါကြောင့် ဗမာတွေကို ယဉ်ကျေးလာအောင် နဲ့  တိုင်းပြည်အုပ်ချုပ်တတ်အောင် သင်ပေးမှ ဖြစ်တော့မယ်လို့  ဆုံးဖြတ်ပြီး ဗမာပြည်ကို အုပ်ချုပ်ခဲ့ခြင်းသာဖြစ်တယ် ။ ကျူးကျော် သိမ်းပိုက်ခြင်းမဟုတ်ပါ ဆိုပြီးတော့ ရေးသားမှတ်တမ်းတင်ထားခဲ့တာ ဒီကနေ့ အထိပါပဲ။

Sae Hark 
http://shanstatedefencearmy.blogspot.com/
Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts