နာနတ်သီးစားမိရာမှ AIDS ဖြစ်

နာနတ်သီးစားမိရာမှ AIDS ဖြစ်အသက် ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက် နာနတ်သီးစိတ်ဝယ်စားပြီး နောက် ၁၅ ရက်ကြာတဲ့အခါမှာတော့ နေမကောင်းစ ဖြစ်လာခဲ့ပါတယ်။ ဘယ်လိုမှ မသက်သာတဲ့နောက် ဆရာဝန်ထံမှာ ဆေးကု ဆေးစစ်ချက်ယူကြည့်တဲ့အခါမှာတော့ သူ့ဆီမှာ HIV ရောဂါပိုး ကူးစက်ခံနေရပြီဆိုတာ သိလိုက်ရပါတယ်။ သူ့မိဘတွေကတော့ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ကောင်လေးရဲ့ မိသားစုဝင် အကုန် ဆေးစစ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးကလွဲလို့ ဘယ်သူမှ HIV ရောဂါပိုးမရှိကြပါဘူး။ဒါကြောင့် ဆရာတွေ ကောင်လေးကို ဘယ်ကနေ ဘယ်လို ရောဂါပိုး ကူးစက်ခံရတယ်ဆိုတာ သိဖို့ ကောင်လေး ဘာတွေလုပ်ခဲ့၊ သွားခဲ့၊ စားခဲ့တယ်ဆိုတာ မေးမြန်းကြပါတယ်။ ကောင်လေးဟာ ၁၀ အရွယ် ကလေးဖြစ်တာကြောင့် မူးယစ်ဆေးဝါး၊ လိင် အပျော်အပါး လိုက်စားသူလဲ မဟုတ်တာကြောင့်အတော်စဉ်းစားရကျပ်ပါတယ်။ နောက်ဆုံးတော့ ကောင်လေး ဘာစားမိသလဲ ဆိုတာ မှတ်မိလိုက်ပါပြီ။ မှတ်မှတ်ရရ ညနေခင်းတစ်ခုမှာ ကောင်လေး အပြင်မှာရောင်းချတဲ့ နာနတ်သီးစိတ်ကို ၀ယ်စားမိပါတယ်တဲ့။ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်။ နာနတ်သီးသည်ရဲ့ လက်မှာ ဓါးရှရာ သူတို့တွေ့ခဲ့ကြပါတယ်။ စုံစမ်းမေးမြန်းကြတဲ့ အခါမှာတော့ နာနတ်သီးလှီးရင်း သူ့လက်ကို မတော်တဆ ဓါးရှသွားတယ်လို့ ပြောပါတယ်။ ဒါနဲ့ နာနတ်သီးရောင်းတဲ့သူကို သွေးစစ်ကြည့်တဲ့နောက်မှာတော့ အားလုံး သံသယရှိနေတဲ့အတိုင်းပါပဲ သူ့ဆီမှာ HIV ဗိုင်းရပ်စ် တွေ့ရပါတယ်။ ဒါဆိုရင်တော့ အဖြေကရှင်းသွားပါပြီ။ AIDS ဝေဒနာရှင် နာနတ်သီးသည်ရဲ့ လက်ဓါးရှရာကနေ ထွက်လာတဲ့သွေးက နာနတ်သီးကနေတဆင့် ကောင်လေးဆီကို တဆင့် ရောဂါကူးစက်သွားတာ ဖြစ်ပါတယ်။ကဲ နာနတ်သီးစိတ်မှာ ပေသွားခဲ့တဲ့ သွေးကနေတဆင့် နာနတ်သီး စားသုံးမိသူ ဘယ်နှစ်ယောက်များ ကောင်လေးလို ရောဂါကူးစက် ခံလိုက်ရပါသလဲ။
ဒါကြောင့် လမ်းဘေးမှာ ရောင်းချတာဖြစ်စေ၊ အပြင်မှာ ရောင်းချတဲ့ အစားအစာတွေကို ၀ယ်စားတော့မယ်ဆိုရင် ဒီအကြောင်းအရာလေးကို ပြန်စဉ်းစားမိရင်း ဆင်ခြင်နိုင်ကြပါစေ။ သင်နှင့် သင့်မိသားစုသာမက အခြားသူတွေပါ မမျှော်လင့်ရာကနေ ဆိုးဝါးတဲ့ ရောဂါတွေ ကူးစက်မခံရလေအောင် ဒီအကြောင်းအရာလေးကို ပြန်မျှဝေပေးပါဦးနော်။


ꨅꨤꨯးလွတ်ꨳလꨰဝ်း
http://shanstatedefencearmy.blogspot.com/

Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts