လက်နက်ကိုင်တာ New generation တွေပြဖို့လား



စစ်အစိုးရသည် တစ်ချိန်တုန်းက SSPP/SSA ကိုငြိမ်းချမ်းရေးလုံးဝအပစ်ရပ်တဲ့အချိန်မှာ RCSS/SSA ကိုမတရားဖိတိုက်တယ်။ အခု RCSS/SSA နဲ့အစိုးရသည် လူကြီးတွေအမြဲအဝင်အထွက်ရှိတော့ SSPP/SSA ကိုထိုးစစ်ဆင်ဖို့ လုပ်နေပြီ ဒါကိုကြည့်ခြင်းအားဖြစ် အစိုးရက ကတစ်ဖက်ကို ကလေးမုန့်ကျွေးပြီးငြိမ်အောင်လုပ်တယ် တစ်ဖက်ကြတော့ လူမျိုးသုန်းအောင် သတ်ဖတ်ဖြတ်အောင်လုပ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်အစိုးရကို ကျွန်တော်လုံးဝ မယုံကြည်ဘူး။စဝ်ရွက်ဆစ် RCSS/SSA အဖွဲ့နဲ့ ဦးအောင်မင်းတို့မကြာခနတွေ့ဆုံမူရှိပါတယ် ဒါပေမဲ့ဘာမှထူးခြားမူ့မရှိပါဘူး။ရှင်းရှင်းပြောရရင် အစိုးရကို အရမ်းရော တာကျွန်တော်သိပ်မကြိုက်ဘူး SHAN STATE NATIONAL DAY တုန်းက RCSS CONSULTANT စဝ်ပါးမိန်းကိုကြည့်ရတာ အရမ်းပျော်တဲ့ပုံပဲ PRESIDENT ဦးသိန်းစိန်က သံဝဏ်လွှာ စာပို့လာလို့ နောက်ဆုံးအပိတ်မှာ လက်ခုပ်သီးသလားမမေးနဲ့။ ကျွန်တော်တော့အဲဒါကိုသဘောမကျဘူး။နှစ်ပေါင်း ၆၀ ကျော်အစိုးရက ငါတို့အမျိုးငါတို့ လူမျိုး တခြားနိုင်ငံရောက်သွားအောင်သတ်ဖြတ်စော်ကားခဲ့တာ အခုချိန်ထိပဲ မျက်လုံးထဲမှာမြင်နေရသေးတယ် အဲဒါကို စဝ်ပါးမိန်း ကအရမ်းပျော်နေနိုင်သေးတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ လူတိုင်းပြောကြတာပဲ သင်ခန်းစာယူကြပါယူကြပါဆိုတာ ယူတတ်ရင်တော့ ရင်နာစရာတွေပဲ။ လက်နက်ကိုင်တာ မျိုးဆက်သစ်တွေကိုပြဖို့မဟုတ်ဘူး ကိုယ့်မြေကိုယ့်ဒေသနဲ့ကိုယ့်လူမျိုးကိုကူညီဖို့ ချင်းမိုင်း ထဲမှာနေပြီး ရှမ်းပြည်ကိုလွတ်မြောက်အောင် လုပ်နိုင်ပါ့မလား စဉ်းစားကြည့်ပါအုံး။စီးပွားရေးတွေလုပ်နေတဲ့လူကလုပ် ငတ်ပျက်လို့အရက်နဲ့သေမယ့်ကောင်ကသေတော့မယ်။စဉ်းစားပြီးလုပ်အုံးဟ။ ခပ်များများကြည့်လို့မရတာကတော့ သူတို့ (လူကြီးမိန်းမပဲ) ဓာတ်ပုံကိုဟိုလိုရိုက်ပြလိုက်ဒီလိုရိုက်ပြလိုက်နဲ့ ပြီးတော့ FACEBOOK ပေါ်ကိုတင်ပြီး ပေးတဲ့နာမည်ကိုက ယိုးဒယားလို ရှယ်ပဲ ။အောက်က ကောင်တွေတော့ ဖြစ်သလိုနေ ဖြစ်သလိုစား။ ဒါပေမဲ့ တစ်ခုတော့မှတ်ထားပါ လုံးဝ ကိုမမေ့ပါနဲ့ တပည့်ရှိမှ ဗိုလ် ရှိလာတာ ပါနော်။ပြီးတော့ဒီချိန်မှာ အပစ်ရပ်တယ်ဆိုတာ ပျင်းစရာကြီး ပြီးတော့ဘာအကြိုးမှမရှိဘူး လက်နက်ကိုင်ပြီး မိုးတွင်းမှာ မှိုတွေတောင်တက်ကုန်တော့မယ် CEASE FIRE PROCESS ကိုစိတ်ပျက်ဖို့အလွန်ကောင်းတယ်။ တစ်ချိန်တုန်းက ကျွန်တော်တို့မူက FOR FREEDOM အခုကြတော့ FEDERAL ဖြစ်သွားပြန်ပြီ မရေရာမသေချာ လုပ်မယ်ဆို ထိထိရောက်ရောက်လုပ်ချင်တယ် FEDERAL ကိုမရူးဘူး FREEDOM ပဲကြိုက်တာ။အခုဟာက တစ်မျိုး။ အသက်သွေးချွေး စတေးခံမှ ကိုယ်လိုချင်တာရမှာနော် စာပွဲဝိုင်းပေါ် အလကားရတဲ့ BUDGET ကိုဖြန်းတာပဲအဖက်တင်တယ်။ကျွန်တော့်အနေနဲ့ပြောရရင် စစ်ရေးတိုက်တာ ခိုက်တာပဲကြိုက်တယ် လေအိုး Air Force တော့မလုပ်ချင်ဘူး။

             SSA လာလုပ်တာ ရန်သူနဲ့ CEASE FIRE လုပ်ဖို့မဟုတ်ဘူး ကျွန်တော်တို့ CEASE FIRE လဲလုပ်လာခဲ့ဖူးတာပဲပြီးခဲ့တဲ့ချိန်တုန်းက။ ဒါပေမဲ့ ဘာမှမထူးဘူးအခုလဲဒီလိုပဲ ရှမ်းစစ်တပ် ရှမ်းသွေးတကယ်မှန်ရင် ငါ့နေရာမင်းနေရာပြောစရာမလိုဘူး AIDS လုပ် ဖို့လိုမယ်။အစိုးရကို လုံးဝ လုံးဝ မယုံကြည်ပါ ငါတို့ တောထဲလာနေပြီးလက်နက် ကိုင်ပြီး ကိုယ်.ရန်သူကို CEASE FIRE လုပ်ဖို့မဟုတ်ဘူး LIBERATION ရဖို့ အဲကြောင့် အခုငါတို့ရှမ်းလျှောက်နေတဲ့လမ်းက မှားကိုမှားနေပြီ။ ဖြစ်နိုင်ရင် စာပွဲဝိုင်းပေါ်မှာ အသုံးစာရိတ်တွေ အလကား မဖြစ်အောင် ဒုက္ခသည်တွေ ပြန်လဲနေရာချထားရေး လုပ်ပေးရင် ပိုကောင်း အုံးမယ် တိုင်းရင်းသားနဲ. အစိုးရတို. တွေ.ဆုံမူသည် မနဲ.တော.ဘူး ဒါပေမဲ. ဘာမှ အကြိုးမရှိ ဘာမှ မထူးဘူး။ SSPP/SSA စစ်ဖြစ်လာခဲ.ရင် ကျွန်တော်တို. ခေါင်းဆောင်ပိုင်း RCSS/SSA တွေ
လဲ စဉ်းစားစေချင်ပါတယ်။ သူ.နယ်မြေ ငါ.နယ်မြေ လို.သတ်မှတ်စရာမလိုဘူး ငါတို.တွေက ရန်သူချင်းတူနေပြီပဲ ဖြစ်နိုင်ရင် ကျွန်တော်တို. လေးနှစ်အတွင်း အစိုးရနဲ.  Cease Fire လုပ်လာခဲ.တာ
တွေကို ပြန်လဲ သုံးသပ်စေချင်ပါတယ် ဘယ်နေရာမှာ အကြိုးရှိလာသလဲဆိုတာ။ အခုချိန်ထိပဲ ပြည်သူလူ
ထုက လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ပြီလား အေးအေးချမ်းချမ်းနဲ. တကယ်နေနိုင်ပြီလားဆို
တာကို ပြီးတော. ဒုက္ခသည်တွေကို ပြန်လည်နေရာချထား ပေးပြီးပြီလား။တပ်သားတွေအတွက် မစဉ်းစား
ပေးစေချင်ထားပါ မိဘပြည်သူ လူမျိုး ရှမ်းပြည်သူသားအတွက်တော. သုံးသပ်ပေးစေချင်ပါတယ် Cease Fire လုပ်နေတဲ. အတော.အတွင်းမှာ ဘာအကြိုးရှိသလဲဆိုတာကို။ဖြစ်နိုင်ရင် ငြိမ်းချမ်းရေး အရသာကို သိပ်မနှစ်ခြိုက်ပါနဲ.  အခုက အစိုးရက ငါတို.ရှမ်းတပ် RCSS/SSA ကို စီးပွားရေး အဖြစ် ငါတို. နှစ်ပိုင်းဖြစ်
အောင် လာလုပ်နေပြီနော် ခေါင်းဆောင်ပိုင်းတော. အောက်ခြေပိုင်း ဘာဖြစ်သလဲဆိုတာ သူတို.ဘယ်သိ
ပါ.မလဲ တကယ်တမ်း လက်နက်ကိုင်ပြီး စာပွဲဝိုင်း ပေါ်မှာအကြိုးတကယ်ရှိခဲ.မယ်ဆိုရင် လွန်လာခဲ.တဲ. နှစ်
ပေါင်း ခြောက်ဆယ်  The Panglong Agreement ကိုသူတို. မချိုးဖောက်ခဲ.ရင် ပြည်တွင်းစစ်ဆိုတာ ရှိလာစရာအကြောင်းမရှိပါဘူး။ SSPP/SSA AND RCSS/SSA နှစ်ဖက်ခေါင်းဆောင်များဖြစ်နိုင်ရင် အခု အစိုးရ Cease Fire Process လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ကြည်.ပါ။ 


Writing : Sae Hark Main 
Share:

No comments:

Post a Comment

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive

FACEBOOK PAGE

Recent Posts